အမျိုးသားများကို Sex လုပ်မလား လိုက်မေးသော အခါ

sex-questions.gif

အမေရိကန်ပြည်ထောင်စုက လူစည်ကားတဲ့ မြို့တစ်ခုရဲ့ လမ်းမပေါ်မှာ ဖြစ်ပါတယ်။ Whatever.com ကနေပြီးတော့ လူမှုရေးစမ်းသပ်မှု တစ်ခု ပြုလုပ်ပါတယ်။ ယင်းကတော့ လိင်ဆွဲဆောင်မှုအပြည့်ရှိတဲ့ အမျိုးသမီးက လမ်းပေါ်က အမျိုးသားများကို Sex (အတူအိပ်ရန်) လုပ်ရန် လိုက်မေးခြင်း ဖြစ်ပါတယ်။

လူဦးရေ အယောက် ၁၀၀ ကို မေးမြန်းခဲ့ရာ အယောက် ၇၀ က ငြင်းဆန်ပြီး အယောက် ၃၀ က လက်ခံပါတယ်။ မေးတဲ့အထဲမှာ အမျိုးသား ၅ ယောက်လောက်က သူတို့ ချစ်သူတွေဘေးနားမှာ ရှိနေတာကြောင့် အကယ်၍ မရှိရင် yes လား no လားဆိုတာတော့ မသိပါဘူး။ Will you have sex with me လို့ မေးလိုက်တာနဲ့ Yes, Why not, Of course, Let’s go အစရှိသဖြင့် ဖြေတဲ့ သူတွေဟာ ယင်း အယောက် ၃၀ ထဲမှာ ပါပါတယ်။ အချို့ခါကျတော့ မင်းငါ့ကို စမ်းသပ်နေတာလား၊ ဗီဒီယိုရိုက်နေတာလားလို့ သေချာအောင်မေးပြီး ကောင်မလေးက မဟုတ်ပါဘူးလို့လဲ ပြောရော Yes လို့ပြောပါတယ်။

အသက်အရွယ်မျိုးစုံကို မေးမြန်းခြင်း ဖြစ်ပါတယ်။ အာရှမျိုးနွယ်ဖွားများကို လိုက်မေးတဲ့အခါမှာ မေးခွန်းပဲနားမလည်လို့လား၊ ကြောက်ပဲကြောက်လို့လား၊ တကယ်ပဲ sex မလုပ်ချင်လို့လားတော့ မသိ ငြင်းဆန်ကြပါတယ်။ လူဖြူနဲ့ လူမဲနွယ်ဖွား အမေရိကန်များကို မေးတဲ့အခါမှာတော့ တစ်ဝက်လောက်က ယင်းကို လိုလားပါတယ်။ အမေးခံရတဲ့ အမျိုးသားတွေထဲမှာ အိမ်ထောင်သည်များလည်း ပါဝင်ပါတယ်။ အသက်ကြီးများလည်းပါဝင်ပြီး လူငယ်များလည်း ပါဝင်ပါတယ်။ ဆင်းရဲ၊ ချမ်းသာ အလွှာပေါင်းစုံကို မေးထားခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ ရလဒ်အနေနဲ့ ၁၀၀ ရာခိုင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းသော အမျိုးသားများက ကိုယ်မသိတဲ့ ရုပ်ရည်ချောမောတဲ့ မိန်းကလေးတစ်ယောက်က sex လုပ်မလားလို့မေးရင် လက်ခံကြမယ့်သူများ အဖြစ် Whatever.com မှ သတ်မှတ်လိုက်ပါတယ်။ သူတို့နိုင်ငံဟာ ပွင့်လင်းမြင်သာတဲ့ နိုင်ငံတွေမို့ပါ။ မြန်မာနိုင်ငံရဲ့ ရန်ကုန်မှာသာ ယင်း စမ်းသပ်မှုပြုလုပ်ရန် ယင်း လက်ခံတဲ့ ရာခိုင်နှုန်းက အင်မတန် နည်းမှာလား အတူတူပဲလားဆိုတာတော့ စာဖတ်သူများ ခန့်မှန်းနိုင်မယ် ထင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top