တခမ်းတနားကျင်းပပေးခဲ့တဲ့ ထိုင်းနိုင်ငံက တော်ဝင်မျိုးနွယ်ဝင်စားတယ်ဆိုတဲ့ခွေးလေးရဲ့နာရေး

26-1-2021-yyl-09.jpg

ဇန်နဝါရီ ၂၄ ရက်နေ့က ထိုင်းနိုင်ငံမှာ အသက် ၈ နှစ်အရွယ် ခွေးလေးတစ်ကောင်ရဲ့ နာရေးကို ရိုးရာဓလေ့ထုံးစံအတိုင်း တခမ်းတနားကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။ Aun ဆိုတဲ့ အဲဒီခွေးလေးဟာ အရင်ဘဝတုန်းက မြင့်မြတ်တဲ့တော်ဝင်မျိုးနွယ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ယုံကြည်ခဲ့ကြလို့ အခုလို တခမ်းတနားကျင်းပပေးခဲ့တာပါ။

ဆူရင်စီရင်စုရဲ့ ဘုန်းကြီးတစ်ပါးဖြစ်တဲ့ အရှင် Luangta Tumဟာ Aun ပေါက်စလေးကတည်းက စောင့်ရှောက်ထားခဲ့တာပါ။ အရှင် Luangta Tum နဲ့ Aun ကို မကြာခဏ အတူတူတွေ့ရတတ်ပါတယ်။ Aun က ဒေသခံတွေကြားမှာ (၈) နှစ်ကြာ အချစ်တော်ခွေးလေးဖြစ်ခဲ့တာပါ။ Aun သေဆုံးသွားပြီးတဲ့နောက်မှာ အရှင်Luangta နဲ့ ဒေသခံတွေက ခွေးလေးအတွက် ဘုန်းကြီး (၈) ပါးနဲ့ နာရေးအခမ်းအနားပြုလုပ်ပေးမယ်လို့ သဘောတူခဲ့ကြပါတယ်။ ထိုင်းနာရေးအတိုင်း ပန်းတွေနဲ့ တန်ဆာဆင်ထားတဲ့ ရိုးရာအခေါင်းနဲ့ ခွေးလေးကို ပြုလုပ်ပေးခဲ့တာပါ။

ခွေးလေးကို မီးသင်္ဂြိုဟ်ပွဲမလုပ်ခင်မှာလည်း (၇) ရက်တိုင်တိုင် ဆုတောင်းပွဲကျင်းပပေးခဲ့ပါသေးတယ်။ ရွာသူရွာသား (၃၀၀) ကျော် တက်ရောက်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ခွေးလေးအတွက် နာရေးကို တခမ်းတနားကျင်းပပေးခဲ့တာ ဒေသခံတွေက သူ့ကို အရမ်းချစ်ကြတာကြောင့်ရော၊ မြင့်မြတ်တဲ့မင်းမျိုးမင်းနွယ်ဝင်စားသူဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုကြောင့်လည်းဖြစ်ပါတယ်။

Post Today သတင်းဌာနအရ ရွာသားတစ်ယောက်အိပ်မက်မက်ခဲ့တာကနေ အဲဒီလိုယုံကြည်လာခဲ့ကြတာပါ။ ရွာသားတစ်ယောက်က Ajarn Aun ဆိုတဲ့ အောက်လမ်းပညာမှာ အရမ်းကျွမ်းကျင်တဲ့ တော်ဝင်အမျိုးအနွယ်အကြောင်း အိပ်မက်မက်ခဲ့ပါတယ်။ Ajarn ဟာ အောက်လမ်းပညာကို လိုက်စားခဲ့လို့ နောက်ဘဝမှာ Aun ဆိုတဲ့ခွေးအဖြစ် ပြန်လည်မွေးဖွားလာခဲ့တယ်ဆိုတဲ့ အိပ်မက်ပါပဲ။ အဲဒီအိပ်မက်ကြောင့် Aun ဆိုတဲ့ခွေးလေးဟာ Ajarn Aun လို့ ယုံကြည်ခဲ့ကြတာပါ။

Aunရဲ့နာရေးအတွင်းမှာ ရွာသူရွာသားတွေက Aun ရဲ့အရင်ဘဝလို့ယုံကြည်ထားတဲ့ ကောင်လေး Ajarn Aun ရဲ့ပုံကို ယူဆောင်လာခဲ့ပါတယ်။ အရှင် Luangta နဲ့ ဒေသခံတွေက Aun ကို ကောင်းမွန်တဲ့ဘုံဘဝရောက်ဖို့အတွက် မီးသင်္ဂြိုဟ်ပြီးရင် ပြာကို ရေထဲမျှောပေးဖို့လည်း စီစဉ်ခဲ့ပါတယ်။

Ref: TheSmartLocalThailand “Stray Doggo Receives A “Royal” Funeral, Locals Believe He Was A Noble In His Past Life”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top