ရှရွတ်ခန်းနဲ့ ကက်ထရီနာ ကဖ်တို့ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရ

shahrukh.jpg

ဘောလိဝုဒ်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ရှရွတ်ခန်းနဲ့ ကက်ထရီနာ ကဖ်တို့ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတယ်လို့ အိန္ဒိယသတင်းဌာနတွေအရ သိရပါတယ်။ ရှရွတ်ခန်း ကိုဗစ်ကူးစက်ခံနေရတယ်ဆိုတာကို အနောက်ဘင်ဂေါပြည်နယ်ဝန်ကြီးချုပ် မာမာတာ ဘာနာဂျီက အတည်ပြုခဲ့တာပါ။ ဝန်ကြီးချုပ်မာမာတာက ရှရွတ်ခန်း မြန်မြန်သက်သာလာဖို့အတွက်လည်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

“ကျွန်မတို့ရဲ့Brand Ambassador ရှရွတ်ခန်းက ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရတယ်။ စူပါစတားအတွက် မြန်မြန်သက်သာလာဖို့ ဆုတောင်းပေးပါတယ်။ အမြန်နေကောင်းပါစေ ရှရွတ်”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ကက်ထရီနာက IIFA 2022 ဆုပေးပွဲအတွက် ယူအေအီးကို သွားဖို့ လုပ်ခဲ့ပေမဲ့ ကိုဗစ်ရောဂါကူးစက်ခံနေရတာကြောင့် နေခဲ့ရပါတယ်။ သူ့ခင်ပွန်း ဗစ်ကီက တစ်ကိုယ်တော် ပွဲတက်ရောက်ခဲ့ရပါတယ်။ News18 သတင်းထုတ်ပြန်ချက်အရ ကက်ထရီနာက Quarantine ကာလ ပြီးသွားခဲ့ပါပြီ။

ရှရွတ်ခန်းနဲ့ ကက်ထရီနာတို့က ရုပ်ရှင်ဒါရိုက်တာ ကာရန် ဂျိုဟာရဲ့၅၀ပြည့်နှစ်မွေးနေ့ပါတီကို ပြီးခဲ့တဲ့လက တက်ရောက်ခဲ့ပါတယ်။ သူ့ရဲ့မွေးနေ့ပါတီက ဧည့်သည် ၅၀ ကျော်ကို ကိုဗစ်ပိုးကူးစက်စေခဲ့တဲ့နေရာဖြစ်ခဲ့ပါတယ်။ ကိုဗစ်ရောဂါပျံ့နှံ့စေခဲ့တဲ့အတွက် ဒါရိုက်တာ ကာရန်က လူအများရဲ့မကောင်းတဲ့တုံ့ပြန်ချက်တွေ ရရှိခဲ့ပါတယ်။

“ဘောလိဝုဒ်ရုပ်ရှင်နယ်ပယ်က ကာရန်ရဲ့ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတော်တော်များများဟာ ပါတီပွဲပြီးတဲ့နောက်မှာ ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့က ကိုဗစ်ပိုးတွေ့ရှိခဲ့ရတယ်ဆိုတာကို ထုတ်တော့မပြောပြကြဘူး။ ကာရန် ဂျိုဟာရဲ့ပါတီမှာ မရှိခဲ့တဲ့ ကာတစ် အာရန်က ကိုဗစ်ကူးစက်ခံရတယ်။ သူဟာ ပါတီပွဲတက်ခဲ့တဲ့သူတွေထဲက တစ်ယောက်ဆီကနေကူးစက်ခံခဲ့ရပါတယ်။ အဲဒီလူနဲ့အတူ ကာတစ်က သူ့ရဲ့ရုပ်ရှင်အတွက် ပရိုမိုးရှင်းဆင်းနေခဲ့တာပါ”လို့ Bollywood Hungama သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Ref: Tribune “Shah Rukh Khan, Katrina Kaif test positive for Covid-19”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top