ကိုဗစ်လူနာတွေအတွက် မင်းသားကြီးရှရွတ်ခန်းရဲ့ ရုံးကို အထူးကြပ်မတ် ကုသဆောင်အဖြစ် ပြောင်းလဲခဲ့

11-8-2020-yyl-005.jpg

ဘောလိဝုဒ်လောကမှာ သရုပ်ဆောင်ပြောင်မြောက်လှတဲ့ မင်းသားကြီး ရှရွတ်ခန်းဟာ မွမ်ဘိုင်းမြို့၊ ခါးဒေသမှာ ရုံးဖွင့်ထားတာဖြစ်ပါတယ်။ အခုဆိုရင် အဲဒီရုံးနေရာကို COVID-19 လူနာတွေအတွက် အထူးကြပ်မတ်ကုသဆောင်အဖြစ် ပြောင်းလဲပစ်ခဲ့တယ်လို့ Filmfare သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီလအစောပိုင်းတုန်းကတော့ ရှရွတ်ခန်းနဲ့ သူ့ဇနီး ဂေါ်ရီခန်း (Gauri Khan) တို့ဟာ သူတို့ရဲ့ရုံးနေရာကို Brihanmumbai Municipal Corporation အကူအညီနဲ့ COVID-19 လူနာတွေအတွက် Quarantine Facility အနေနဲ့ ပြောင်းလဲခဲ့တယ်လို့ ကြေညာခဲ့ဖူးပါတယ်။ အဲဒီနောက် ဇူလိုင်လအလယ်မှာတော့ အထူးကြပ်မတ်ခန်းတစ်ခုအနေနဲ့ ပြုပြင်ပြောင်းလဲမှု တွေလုပ်ခဲ့ပြီး Quarantine ခံယူခဲ့တဲ့လူနာတွေကို နေရာပြောင်းရွှေ့ခဲ့တယ်ဆိုတဲ့ သတင်းထွက်ရှိခဲ့ပါတယ်။

မင်းသားကြီးရှရွတ်ခန်းက သူ့ရဲ့Meer Foundation, Hinduja Hospital, the BMCတို့ရဲ့အကူအညီနဲ့ သြဂုတ်လ ၈ရက်နေ့ကတည်းက ကုတင် (၁၅) ခုပါဝင်တဲ့ အထူးကြပ်မတ်ခန်းအဖြစ် လူနာတွေကို ကုသပေးနေခဲ့တယ်လို့ သတင်းတွေအရသိရပါတယ်။

“အသက်အန္တရယ် စိုးရိမ်နေရတဲ့ လူနာတွေအတွက် အသက်ရှုစက်တွေ၊ အောက်စီဂျင်ပိုက်တွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ အောက်စီဂျင်စက်တွေနဲ့ အောက်စီဂျင်ဘူးတွေကို တပ်ဆင်ထားပါတယ်။ ဒီဝန်ဆောင်မှုက BMCရဲ့ လမ်းညွှန်မှုအောက်မှာ Hinduja Hospital က ဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ Hinduja Hospitalရဲ့ ဆရာဝန် အန်ဗီနက်ချ်ဆူပီက ပြောခဲ့ပါတယ်။

အရင်က မင်းသားကြီးရှရွတ်ခန်းရဲ့ ရုံးနေရာမှာ လူနာ (၆၆) ဦး Quarantine ခံယူခဲ့ပါတယ်။ (၅၄) ဦးက ရောဂါပိုးမတွေ့ရှိဘဲ ပြန်လည်ကောင်းမွန် လာတဲ့အတွက် ဆင်းသွားခဲ့ပြီး အထူးကြပ်မတ်ခန်းအဖြစ် မပြုပြင်ခင်မှာ (၁၂) ဦးကို အခြားနေရာမှာ ပြောင်းရွှေ့ထားခဲ့ရတယ်လို့ သိရပါတယ်။

Ref: Tribune “Shah Rukh Khan’s office turned into ICU for Covid-19 patients”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top