အိမ်ဖြူတော်နားမှာ ပစ်ခတ်ဖမ်းဆီးမှုဖြစ်ခဲ့လို့ ဒေါ်နယ်ထရမ့်ကို စာနယ်ဇင်းရှင်းလင်းပွဲကနေ ခေါ်ထုတ်ခဲ့ရ

11-8-2020-yyl-008.jpg

အိမ်ဖြူတော်နားမှာ လက်နက်ကိုင်ထားတဲ့ သံသယရှိသူတစ်ယောက်ကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့လို့ စာနယ်ဇင်းရှင်းလင်းပွဲလုပ်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စင်ပေါ်ကနေ ခေါ်ထုတ်သွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဒေါ်နယ်ထရမ့်က သတင်းထောက်တွေ မေးမြန်းနေတာကို ဖြေနေတုန်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက်က စင်ပေါ်တက်လာပြီး ဒေါ်နယ်ထရမ့်ကို တီးတိုးပြောခဲ့တာပါ။ လုံခြုံရေးတပ်ဖွဲ့ဝင်ရဲ့ တီးတိုးစကားကို ကြားချိန်မှာ ဒေါ်နယ်ထရမ့်က ” အိုး . . . ဘာဖြစ်တာလဲ”လို့ ပြောပြီး စာနယ်ဇင်းရှင်းလင်းပွဲ အခန်းထဲကနေ ထွက်သွားခဲ့တာပါ။ ပစ်ခတ်ဖမ်းဆီးမှုဖြစ်ပွားနေချိန်မှာ အိမ်ဖြူတော်တစ်ခုလုံးကိုလည်း ပိတ်ဆို့ထားခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ မြက်ခင်းပြင်မှာတော့ အနက်ရောင်ဝတ်စုံတွေ ဝတ်ဆင်ထားပြီး မောင်းပြန်ရိုင်ဖယ်တွေ ကိုင်ဆောင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အပြေးအလွှားလှုပ်ရှားပြီး သစ်ပင်တွေရဲ့အနောက်ဘက်မှာ နေရာယူထားတာ တွေ့ရပါတယ်။ စာနယ်ဇင်းရှင်းလင်းပွဲ အခန်းအပြင်ဘက်မှာ ကင်မရာအဖွဲ့သားတွေ ရှိနေတဲ့ Fox News သတင်းဌာနကတော့ ပစ်ခတ်သံနှစ်ချက်ကြားရတယ်လို့ ဖော်ပြထားပါတယ်။

၉ မိနစ်အကြာမှာတော့ ဒေါ်နယ်ထရမ့်က စာနယ်ဇင်းရှင်းလင်းပွဲအခန်းထဲ ပြန်ရောက်လာပြီး လက်နက်ကိုင်ထားတဲ့ သံသယရှိသူတစ်ယောက်ကို အမေရိကန်လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ သံသယရှိသူကို ဆေးရုံပို့ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။ ဒေါ်နယ်ထရမ့်က လုံခြုံရေးတပ်ဖွဲ့ရဲ့ ပရော်ဖက်ရှင်နယ်ပီသတဲ့ လှုပ်ရှားမှုကိုလည်း ချီးကျူးခဲ့ပါတယ်။ အိမ်ဖြူတော်နဲ့ တစ်လမ်းကျော်ကွာဝေးတဲ့ ၁၇ လမ်းနဲ့ ပင်ဆယ်ဗေးနီးယားလမ်းမကြီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့က တွစ်တာပေါ်မှာ အတည်ပြုခဲ့ပါတယ်။

Ref: BBC ” Trump exits briefing as man shot near White House”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top