အီထယ်ဝန်မတော်တဆမှုမှာ သေဆုံးခဲ့သူတွေရဲ့အောက်မေ့ဖွယ်အခမ်းအနားကို သွားရောက်ခဲ့တဲ့ ထိုင်းမင်းသမီးချော

4-11-2022yyl12.jpg

ထိပ်တန်းထိုင်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသမီးချော Vill Wannarot Sonthichai ဟာ လက်ရှိ ကိုရီးယားမှာရှိနေပြီး အီထယ်ဝန်ဟောလိုးဝင်းပွဲတော်မှာ လူအုပ်ပြိုမှုအတွင်း သေဆုံးခဲ့သူတွေရဲ့အောက်မေ့ဖွယ်အခမ်းအနားကို သွားရောက်ခဲ့ပါတယ်။ အဲဒီအောက်မေ့ဖွယ်အခမ်းအနားကို ဆိုးလ်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့တာပါ။

Vill က အခမ်းအနားတက်ရောက်ခဲ့တဲ့ ပုံကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ မကြာသေးခင်ကမှ တင်ခဲ့တာပါ။ အဲဒီပုံနဲ့အတူ အဖြူရောင်ပန်းစည်းပုံကိုလည်း တင်ခဲ့တဲ့အပြင် “မိသားစုနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းရပါတယ်။ စိတ်အေးချမ်းသာယာမှုကို ရှာတွေ့ပြီး ငြိမ်းချမ်းစွာ အိပ်စက်အနားယူနိုင်ပါစေ”လို့လည်း ဆုတောင်းပေးထားပါတယ်။

အီထယ်ဝန်လူအုပ်ပြိုမှုဖြစ်တဲ့ညက Vill လည်း အဲဒီမှာ ရှိနေခဲ့တာပါ။ သူ့ရဲ့တွစ်တာအကောင့်မှာ “အခု အီထယ်ဝန်မှာ..OMG”ဆိုတဲ့စာကို ငိုနေတဲ့ Emoji (၃) ခုနဲ့အတူ ရေးတင်ခဲ့ပါသေးတယ်။

Vill ဟာ မင်းသား Mario Maurer ပါဝင်ထားတဲ့ “Take Me Home” ရုပ်ရှင်ကားအပြင် လောဘရဲ့ပင်လယ် (Talay Rissaya)၊ ထိုင်းဗာရှင်း The Prince Who Turns into a Frog ဇာတ်လမ်းတွဲအပါအဝင် နာမည်ကြီးဇာတ်လမ်းတွဲတွေနဲ့ လူသိများပါတယ်။ အခုနှစ်ထဲထုတ်လွှင့်ပြသခဲ့တဲ့ ကိုယ်ချစ်ရတဲ့သက်တော်စောင့် (My Lovely Bodyguard) ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

အီထယ်ဝန်မတော်တဆမှုမှာ သေဆုံးခဲ့တဲ့ နိုင်ငံခြားသား (၂၆) ယောက်ထဲမှာ ထိုင်းလူမျိုးတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။

Ref: Kbizoom “A Thai actress who was at the scene of the Itaewon disaster visited the joint memorial altar to mourn the victims”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top