ဆယ်လ်ဖီဗီဒီယိုရိုက်ပြီး သွေးပေါင်ချိန်တိုင်းနိုင်မယ့်နည်းပညာ

67796623_2525289867501918_3728934286204600320_n.jpg

အနာဂတ်မှာ ဆယ်လ်ဖီဗီဒီယိုရိုက်ပြီး သွေးပေါင်ချိန်တိုင်းနိုင်မယ့်နည်းပညာကို သိပ္ပံပညာရှင်တွေကို စမ်းသပ်နေပါတယ်။ Transdermal Optical Imaging လို့ အမည်ရတဲ့နည်းပညာအရ စမတ်ဖုန်းနဲ့ ရိုက်ကူးပြီး မျက်နှာပုံပါတဲ့ဗီဒီယိုတွေရဲ့ သွေးစီးဆင်းပုံပြောင်းလဲမှုကိုဖော်ထုတ်ပြီး သွေးပေါင်ချိန်တိုင်းတာမှာပါ။ ပတ်ဝန်းကျင်မှာရှိပြီးသားမူလအလင်းရောင်က အရေပြားရဲ့ အပေါ်ဆုံးအလွှာကိုထိုးဖောက်ဝင်ရောက်နိုင်ပြီး စမတ်ဖုန်းထဲမှာရှိတဲ့ ဒီဂျစ်တယ်စက္ခုအာရုံခံဆင်ဆာတွေက သွေးစီးဆင်းတဲ့ထပ်ကျော့ပုံစံတွေကို မှတ်သားနိုင်ပါတယ်။

Transdermal Optical Imaging နည်းပညာအရ သွေးပေါင်ချိန်ခန့်မှန်းဖို့ သွေးစီးဆင်းတဲ့ထပ်ကျော့ပုံစံတွေကိုအသုံးပြုမှာပါ။ ပျမ်းမျှအားဖြင့်တော့ Transdermal Optical Imaging နည်းပညာဟာ အပေါ်သွေးကို (၉၅) ရာခိုင်နှုန်းအထိခန့်မှန်းနိုင်ပြီး အောက်သွေးကို (၉၆) ရာခိုင်နှုန်း မှန်အောင်မှန်းနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဲဒီနည်းပညာက အရေပြားအမျိုးအစားအားလုံးကို ခန့်မှန်းနိုင်ဖို့မရှိသေးဘူးလို့ သတင်းတွေကဖော်ပြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top