ရုပ်ရှင်ထဲမှာ ဗီလိန်၊ လက်တွေ့ဘဝမှာ သူရဲကောင်း

68490887_2525289037502001_5296461877386149888_n.jpg

ဟောလိဝုဒ်သရုပ်ဆောင်မင်းသား ဒန်နီထရီဂျိုဟာ ယာဉ်မတော်တဆမှုကြောင့် ပက်လက်လန်နေတဲ့ကားထဲကကလေးငယ်ကို အသက်ကယ်ပေးနိုင်ခဲ့ပါတယ်။ ကားတစ်စီးက မီးနီဖြတ်မောင်းပြီး တခြားကားတစ်စီးကို ဝင်တိုက်ချိန်မှာ အတိုက်ခံရတဲ့ကားက ပက်လက်လန်တိမ်းမှောက်သွားခဲ့ပါတယ်။ အဲဒီကားထဲမှာ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက်ပိတ်မိနေတာကို မြင်တွေ့လိုက်တဲ့ထရီဂျိုက သွားရောက်ကူညီခဲ့တာပါ။

ကားထဲမှာရှိနေတဲ့အမျိုးသမီးက ဒဏ်ရာရနေပေမဲ့ သူ့ကလေးကိုပဲကယ်ပေးပါလို့ အော်ဟစ်ခဲ့ပါတယ်။ ထရီဂျိုဟာ အနီးနားမှာရှိနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့အကူအညီယူပြီး ကားထဲမှာပိတ်မိနေတဲ့ ကလေးငယ်ကိုကယ်တင်ခဲ့တာပါ။ အဲဒီအတွက် ထရီဂျိုကို လက်တွေ့ဘဝရဲ့သူရဲကောင်းလို့ ချီးကျူးနေကြပါတယ်။ ဟောလိဝုဒ်ဇာတ်ကားတွေထဲမှာ ဗီလိန်အခန်းကနေ မကြာခဏ ပါဝင်ခဲ့ရတဲ့ထရီဂျိုဟာ Spy Kids ၊ The Machete ဇာတ်ကားတွေကြောင့် ကျော်ကြားခဲ့သူပါ။ ကားသမားတွေအနေနဲ့ လမ်းပေါ်မှာ သတိထားမောင်းနှင်ကြဖို့ ထရီဂျိုကတိုက်တွန်းခဲ့ပါတယ်။ အခုဖြစ်ရပ်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့သူမရှိပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top