လက်ထပ်ဖို့ကတိမတည်တဲ့အမျိုးသားတွေကို ဒဏ်ရိုက်မယ့်ဥပဒေပြဋ္ဌာန်းမယ်လို့ တူနီးရှားသမ္မတရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း ပြော

67920375_2525289800835258_3522997472014106624_n.jpg

လိင်စိတ်နှိုးဆွရာရောက်တယ်ဆိုတဲ့ကပွဲတွေကြောင့် နာမည်ကျော်ကြားတဲ့အကမယ် နာမင်းဆာကတော့ သူသာ တူနီးရှားသမ္မတဖြစ်ရင် လက်ထပ်မယ်ဆိုတဲ့ကတိ မတည်တဲ့အမျိုးသားတွေကို ဒဏ်ရိုက်မယ့်ဥပဒေ ပြဋ္ဌာန်း သွားမယ်လို့ ပြောပါတယ်။ အသက် (၂၁) နှစ်အရွယ်ရှိတဲ့ နာမင်းဆာဟာ စက်တင်ဘာလ (၁၅) ရက်နေ့မှာကျင်းပမယ့် တူနီးရှားသမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့စီစဉ်နေသူပါ။

သမ္မတရွေးကောက်ပွဲဝင်ပြိုင်ဖို့ ထောက်ခံလက်မှတ် (၃၅၀၀၀) ရရှိထားပြီး အဲဒီပမာဏက လိုအပ်တဲ့ထောက်ခံလက်မှတ်အရေအတွက်ထက် (၃) ဆပိုများတယ်လို့ တူနီးရှားမီဒီယာက ဖော်ပြပါတယ်။ သမ္မတ ရွေးကောက် ပွဲမှာအနိုင်ရခဲ့ရင် အမျိုးသမီးတွေ ခေါင်းစည်းပဝါခြုံရတာကိုပိတ်ပင်သွားမယ့်အပြင် အမျိုးသမီးတွေကို အမွေဆက်ခံခွင့် (၃) ပုံ၊ (၂) ပုံပေးပြီး အမျိုးသားတွေကို တစ်ပုံပဲပေးမယ့်ဥပဒေပြဋ္ဌာန်းသွားမယ်လို့ ဆိုပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်က တူနီးရှားသမ္မတနိုင်ငံထူထောင်တဲ့နေ့အခမ်းအနားမှာ ရေကူးဝတ်စုံဝတ်ပြီး နိုင်ငံတော်အလံခြုံထားတဲ့ဓာတ်ပုံတွေတင်ခဲ့လို့ ဝေဖန်ခံခဲ့ရသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top