ဖခင်ရဲ့ ဆေးကုသစရိတ်အတွက် ရန်ပုံငွေရဖို့ အင်္ဂလန်နိုင်ငံကို စကူတာနဲ့ ကန့်လန့်ဖြတ် ဖြတ်သန်းမယ့် သူနာပြု

9-27-2022-yyl-08.jpg

ဖိလစ်ပိုင်နိုင်ငံသား ဖခင်ရဲ့ ဆေးကုစရိတ် ရှာဖွေဖို့အတွက် သူနာပြုဆရာမနဲ့ သူ့ချစ်သူတို့ဟာ Scooter စီးပြီး အင်္ဂလန်နိုင်ငံကို ကန့်လန့်ဖြတ် ဖြတ်သန်းမယ့် ရန်ပုံငွေခရီးစဉ် သွားဖို့ စီစဉ်နေပါတယ်။ Royal Shrewsbury ဆေးရုံမှာ အလုပ်လုပ်တဲ့ ဧပရယ်နာပါလာရဲ့ဖခင်ဟာ အူမကြီးကင်ဆာ အဆင့်(၄) ခံစားနေရတာဖြစ်ပြီး သူ့ရဲ့အသည်းထဲက အကျိတ်ကို ခွဲစိတ်ဖယ်ရှားဖို့လည်း လိုအပ်နေပါတယ်။

ဧပရယ်နာပါလာနဲ့ သူ့ချစ်သူ ဂျေဆင်နယ်ဆန်တို့ဟာ ကမ်ဘရီယာကောင်တီကနေ နယူးကာဆယ်အထိ ကီလိုမီတာ ၂၀၀ အကွာအဝေးကို ၆ ရက်အတွင်း အရောက်သွားဖို့ ရည်မှန်းထားပါတယ်။ သူတို့ဟာ ရန်ပုံငွေခရီးစဉ်ကနေ ဆေးကုသစရိတ် ပေါင် ၅၀၀၀ ရရှိဖို့လည်း မျှော်မှန်းထားကြပါတယ်။

သူတို့ဟာ လမ်းခရီးမှာ အထုတ်အပိုးတွေ သယ်မသွားချင်တဲ့အတွက် ခရီးစဉ်တစ်ထောက် နားမယ့် ဟိုတယ်တိုင်းကို စားစရာနဲ့ အဝတ်အစားထုပ်တွေ ကြိုပို့ထားပါတယ်။ ခရီးစဉ် မစတင်ရသေးချိန်မှာပဲ သူတို့ရဲ့ GoFundMe စာမျက်နှာမှာ အလှူငွေ ပေါင် ၂၅၀၀ ကျော် ရရှိနေပြီဖြစ်ပါတယ်။

Ref: Shrewsbury nurse’s kick-scooter challenge for dad

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top