အရက်မူးနေတဲ့ ရုရှားရေယာဉ်မှူးကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ ဒုတိယအရှည်ဆုံး တံတားကို ကုန်တင်သင်္ဘော ဝင်တိုက်

i4.jpg

အရက်မူးပြီး လမ်းကြောင်းမှားခဲ့တဲ့ ရုရှားကုန်တင်သင်္ဘောရဲ့ ရေယာဉ်မှူးကြောင့် တောင်ကိုရီးယားနိုင်ငံ ပင်လယ်ကူးတံတားတစ်စင်းကို ကုန်တင်သင်္ဘောတစ်စင်း ဝင်တိုက်မိခဲ့ပါတယ်။ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဘူဆန်မြို့က ဂွမ်ဂန်တံတား(စိန်တံတား)ရဲ့ ဘေးဘက်အခြမ်းကို တန်ချိန် ၆၀၀၀ ရှိတဲ့ Seagrand ကုန်တင်သင်္ဘောက ဝင်တိုက်မိခဲ့တာပါ။

ယာဉ်အသွားအလာ ရှုပ်ထွေးတဲ့ ဂွမ်ဂန်တံတားဟာ အင်ချွန်းတံတားပြီးရင် တောင်ကိုရီးယားနိုင်ငံမှာ အရှည်ဆုံးတံတားဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ တံတားရဲ့အောက်ဘက်ခြမ်းမှာ (၅) မီတာရှိတဲ့ အပေါက်တစ်ပေါက် ဖြစ်ပွားခဲ့တာပါ။ အဲဒီနောက်မှာ တောင်ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့က ကုန်တင်သင်္ဘောရဲ့ ရေယာဉ်မှူးကို ဖမ်းဆီးပြီး စစ်ဆေးခဲ့ပါတယ်။ ရေယာဉ်မှူးရဲ့ သွေးအတွင်း အရက်ပမာဏက (ဝ.၀၈၆) ရာခိုင်နှုန်းရှိနေပြီး တရားဝင်ခွင့်ပြုထားတာထက် (၃) ဆနီးပါးဖြစ်နေတယ်လို့ ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ ပုံမှန်အတိုင်းဆိုရင် အဲဒီကုန်တင်သင်္ဘောဟာ ဆန့်ကျင်ဘက်လမ်းကြောင်းကို သွားရမှာလို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top