၂၀၁၆ ခုနှစ်က ဘတ်စ်ကားမတော်တဆမှုမှာ လက်နှစ်ဖက်လုံး ပြတ်ခဲ့တဲ့ ၁၉ နှစ်အရွယ် အိန္ဒိယကျောင်းသူ

25-11-2022yyl06.jpg

သျှရီယာဟာ ခန္ဓာကိုယ်အစိတ်အပိုင်း အလှူရှင်ဆီက လက်နှစ်ဖက်ကြောင့် အာရှတိုက်မှာ ပထမဆုံးအဖြစ် လက်မောင်းကစပြီး လက်နှစ်ဖက်လုံး အစားထိုး ခွဲစိတ်မှု လုပ်နိုင်ခဲ့ပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်း အလှူရှင် ဆာချင်ဟာ ဆိုင်ကယ်မတော်တဆမှုကြောင့် ဦးနှောက်သေသွားပြီး သူ့မိဘတွေက သူ့သားရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှူဒါန်းပေးခဲ့ကြတာပါ။ ဆာချင်က အသားညိုညို၊ ခန္ဓာကိုယ်တောင့်တောင့်ဖြစ်လို့ သူ့ရဲ့လက်နှစ်ဖက်ကလည်း ညိုမောင်း၊ တောင့်တင်းပြီး အမွေးအမျှင်တွေ ထူထပ်ပါတယ်။

ဆာချင်ရဲ့လက်နှစ်ဖက်ကို သျှရီယာရဲ့ခန္ဓာကိုယ်က လက်ခံခဲ့လို့ အစားထိုးခွဲစိတ်မှု အောင်မြင်ခဲ့ပြီး နှစ်အနည်းငယ်အကြာမှာတော့ အဲဒီလက်နှစ်ဖက်ရဲ့ အသားအရည်က လတ်လာခဲ့ပြီး သျှရီယာနဲ့ ခန္ဓာကိုယ်အသားအရေနဲ့ ကိုက်ညီလာခဲ့တာကို အံ့အားသင့်ဖွယ် တွေ့ခဲ့ရပါတယ်။

Ref: Shreya Siddanagowda Transplanted Man Hands Changed Colour

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply