လူတွေရဲ့သက်တမ်းက အလွန်ဆုံးဘယ်အတိုင်းအတာထိ ဖြစ်နိုင်မလဲ

live-e1565162857546.jpg

ကျွန်တော်တို့တွေ ဘယ်အသက်အရွယ်ထိ နေသွားလို့ရမလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး သိချင်မိကြမှာပါ။ အဲဒီမေးခွန်းရဲ့အဖြေအတွက် Albert Einstein College of Medicine က သုတေသီတွေက လေ့လာတွေ့ရှိခဲ့ကြပါပြီ။ ကျွန်တော်တို့ဟာ ဘယ်လိုပဲဆေးပညာတွေသုံးပြီး ဆင်ဆင်ခြင်ခြင် နေထိုင်ပါစေ၊ အဲဒီသက်တမ်းထက်ကျော်ပြီး မနေနိုင်ဘူးလို့ ဆိုပါတယ်။

အဲဒီအကြောင်းကို သုတေသီခေါင်းဆောင် Dr. Jan Vijg က Nature ဂျာနယ်ကို ပြောကြားခဲ့တာပါ။ နိုင်ငံပေါင်း (၄၀) က လူဦးရေနဲ့ သေဆုံးချိန်ကအသက်တွေအရ လူတွေက အသက် (၁၁၅) နှစ်သာ အလွန်ဆုံးနေထိုင်နိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီထက်ပိုရင်တော့ အသက် (၁၂၅) နှစ်အထိပါပဲလို့ ဆိုပါတယ်။

ပန်နီဆလင်၊ ပဋိဇီဝဆေးတွေနဲ့ နည်းပညာတွေ ထွန်းကားလာတာကြောင့် ၁၉၀၀ ပြည့်နှစ်နောက်ပိုင်းမှာ တစ်ဟုန်ထိုးတိုးလာတာကို တွေ့လာပါတယ်။ သမိုင်းတစ်လျှောက်လူသက်တမ်းအရှည်ဆုံးနေသွားနိုင်သူက ဂျိန်းနီ စလီမက် (Jeanne Clement) ဆိုတဲ့ ပြင်သစ်အမျိုးသမီးတစ်ဦးဖြစ်ပြီး အသက် (၁၂၂) နှစ်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ထပ်တိုးနိုင်ချေ မရှိတော့ဘူးလား

အသက် (၁၂၅) နှစ်က သက်တမ်းအလွန်ဆုံးပဲလား။ Dr. Jan Vijg ကတော့ ဆေးပညာနဲ့ ဆွဲဆန့်ထားရင် အလွန်ဆုံးဖြစ်နိုင်ချေ (၁၂၅) နှစ်ကိုတော့ မကျော်နိုင်ကြောင်း ပြောပါတယ်။ ဇီဝဗေဒပညာရပ်၊Synthetic Biology တွေတိုးတတ်လာတာနဲ့ CRISPR လို့ခေါ်တဲ့နည်းနဲ့ လူသားတွေရဲ့ DNA ကို အနည်းငယ်ပြုပြင်မှုတွေလုပ်နိုင်တာကြောင့် နောက်ဖြစ်လာမယ့် လူသားရဲ့ဇီဝဖြစ်စဉ်တွေက လက်ရှိလူသားတွေနဲ့ မတူကွဲပြားလာတာတွေ ရှိလာနိုင်ပါတယ်။

လူသားတွေရဲ့ သက်တမ်းကို ဆွဲဆန့်လို့ရတဲ့နည်းပညာတွေက လက်လှမ်းမမှီသေးတဲ့အနေအထားမှာပါ။ အကောင်းအဆိုးတွေကိုလည်း အတိအကျခန့်မှန်းလို့မရသေးပါဘူး။ ကြီးမားတဲ့ စိန်ခေါ်မှုကြီးဖြစ်တဲ့အတွက် ကြိုးစားကြည့်သင့်တဲ့ အရာတစ်ခုပါပဲ။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top