အပျက်အစီးတွေကြားမှာ မောင်ဖြစ်သူကို ဒိုင်းအဖြစ် ကာကွယ်ပေးခဲ့တဲ့ မိန်းကလေးငယ်

8.2.2023-yyl-image.png

” သမီးကို ဒီအထဲက ထုတ်ပေးရင် ဘာမဆို လုပ်ပေးပါ့မယ်။ အစေခံလုပ်ဆိုရင်လည်း လုပ်ပေးပါ့မယ်”ငလျင်ဒဏ်ကြောင့် အပျက်အစီးတွေကြား ပိတ်မိနေတဲ့ ကလေးနှစ်ယောက်ထဲမှာ အစ်မဖြစ်သူက ကယ်ဆယ်ရေးသမားတွေကို တွေ့တော့ အခုလို ပြောခဲ့တာပါ။ ဆီးရီးယားနိုင်ငံမြောက်ပိုင်းက သူတို့နေအိမ် ပြိုကျပြီး ကွန်ကရစ်တုံးတွေကြား ပိတ်မိနေတဲ့ မောင်နှမနှစ်ယောက်ကို ၃၆ နာရီကျော် အကြာမှာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။

အပျက်အစီးတွေကြား ပိတ်မိနေချိန်မှာ အစ်မဖြစ်သူ မာရီယမ်က သူ့မောင်လေး အီလက်ဖ်ကို ဒိုင်းအဖြစ် ကာကွယ်ပေးခဲ့တာပါ။ တူရကီ-ဆီးရီးယားနယ်စပ်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၈၇၀၀ ကျော် ရှိနေပါတယ်။

Ref: Sister shields sibling from dust during 36-hour wait for help after quake

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top