မိုးရာသီမှာ ခြေထောက်ကို ဘယ်လိုဂရုစိုက်ထိန်းသိမ်းမလဲ

28-6-2021-yyl-28.jpg

ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိဖို့အတွက် ကျန်းမာရေးနဲ့ညီညွှတ်ပြီး နူးညံ့ချောမွေ့တဲ့ခြေထောက်တစ်စုံကလည်း အရေးကြီးပါတယ်။ မျက်နှာကိုပဲ အချိန်ပေးပြီးဂရုစိုက်ဖြစ်ပေမဲ့ ခြေထောက်ကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ခြေထောက်ကို ဂရုစိုက်ဖို့ လျစ်လျူရှုထားရင် ခြေထောက်ရောဂါပိုးဝင်တာ၊ အနာဖြစ်တာတွေဖြစ်လာတတ်ပါတယ်။ မိုးရာသီမှာဆိုရင်လည်း ခြေထောက်က မိုးရေနဲ့ အထိများတဲ့အခါ ခြေထောက်သဲဝဲစားတာ၊ ခြေထောက်မှိုကူးတာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်ပြီး နူးညံ့ချောမွေ့တဲ့ခြေထောက်လေးဖြစ်ဖို့အတွက် လွယ်ကူတဲ့နည်းလမ်းတော်တော်များများရှိပါတယ်။ အဲဒီနည်းလမ်းတွေက တချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

၁ ခြေထောက်ကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ

သင့်ခြေထောက်ကို အမြဲတမ်း သန့်ရှင်းပေးပါ။ Scrub နဲ့ ခြေထောက်ကို သန့်ရှင်းပေးပြီး လုံးဝရေခြောက်သွားအောင် လုပ်ပါ။ မှိုနဲ့ ဘတ်တီးရီးယားတွေက စိုစွတ်တာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့် သင့်ခြေထောက်ကို ခြောက်သွေ့အောင်ထားတာက သင့်ခြေထောက်ကို သန့်ရှင်းစေပြီး မှိုရောဂါကင်းဝေးစေမှာဖြစ်ပါတယ်။

၂ moisturizer လိမ်းပေးပါ

ရေချိုးပြီးတိုင်း ခြေထောက်ကို moisturizer လိမ်းပေးဖို့ မမေ့ပါနဲ့။ moisturizer လိမ်းပေးတာက သင့်ခြေထောက်ကို နူးညံ့စေပြီး ရေဓာတ်ပြည့်ဝနေစေမှာဖြစ်ပါတယ်။

၃ ခြေသည်းကို သေချာညှပ်ပေးပါ

သင့်ခြေသည်းတွေကို အရေပြားနဲ့ အရမ်းနီးကပ်ပြီး မညှပ်ပါနဲ့။ ခြေသည်းကို အဲဒီလိုညှပ်တာက ခြေစွယ်ငုပ်တာတွေဖြစ်လာနိုင်ပါတယ်။

၄ လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်ကို ရွေးချယ်ပါ

ခြေထောက်ချွေးထွက်တာဖြစ်နိုင်တဲ့အတွက် ကျပ်လွန်းတဲ့ဖိနပ်တွေကို မဝတ်ပါနဲ့။ သင့်ခြေထောက်ကို ကျန်းမာရေးနဲ့ညီညွှတ်စေဖို့ဆိုရင် သက်တောင့်သက်သာဖြစ်တဲ့ ဖိနပ်တွေကို ရွေးချယ်ဝတ်ဆင်ပါ။

၅ Foot Mask ကပ်ပေးပါ

သင့်ခြေထောက်ကို တစ်ပတ် ၁ ခါလောက်ဖြစ်ဖြစ် Mask ကပ်ပေးပါ။ ဒါမှ သင့်ခြေထောက်လေး ကျန်းမာရေးနဲ့ညီညွှတ်ပြီး နူးညံ့ချောမွေ့လာမှာဖြစ်ပါတယ်။

အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ ခြေထောက်ကိုလည်း ဂရုစိုက်ထိန်းသိမ်းဖို့ အရမ်းအရေးကြီးပါတယ်။ သင့်ခြေထောက်ကို ဂရုစိုက်ဖို့အတွက် အချိန်အနည်းငယ်ပေးဖို့ အကြံပြုချင်ပါတယ်။

Ref: How to keep your feet happy and healthy in monsoon
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top