တရုတ်နာမည်ကျော်မင်းသမီး ဖန်ဘင်းဘင်း ဒဏ်ငွေသန်းချီ ရိုက်ခံရ

1528106048468058.jpg

တရုတ်နာမည်ကျော်မင်းသမီးဖန်ဘင်းဘင်းဟာ အခွန်တိမ်းရှောင်မှုအပြင် အခြားပြစ်မှုတွေကြောင့် တရုတ်ယွမ်ငွေ သန်းရာချီ ဒဏ်ရိုက်ခံရတယ်လို့ တရုတ်အာဏာပိုင်တွေကပြောလိုက်ပါတယ်။ မင်းသမီး ဖန်ဘင်းဘင်းဟာ အများပြည်သူ မြင်ကွင်းကနေ ပျောက်ကွယ်ပြီး သုံးလနီးပါးအကြာမှာ အခုလိုမျိုး ဒဏ်ရိုက်ခံလိုက်ရတာဖြစ်ပါတယ်။

တရုတ် သရုပ်ဆောင်တွေထဲမှာ သရုပ်ဆောင်ခအမြင့်ဆုံးရရှိနေတဲ့ မင်းသမီး ဖန်ဘင်းဘင်းဟာ သတ်မှတ်ချိန်အတွင်း ဒဏ်ကြေးပေးခဲ့မယ်ဆိုရင် ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရမှာမဟုတ်ကြောင်း တရုတ် သတင်းတွေကဖော်ပြခဲ့ပါတယ်။ တရုတ်အာဏာပိုင်တွေဟာ တရုတ်နိုင်ငံအတွင်းက ထင်ရှားသူတွေနဲ့ နာမည်ကျော်တွေ ဝင်ငွေရရှိနေတဲ့ စာချုပ်တွေကို စုံစမ်းစစ်ဆေးချိန်မှာ မင်းသမီးဖန်ဘင်းဘင်းရဲ့ အခွန်တိမ်းရှောင်မှုကို စုံစမ်းသိရှိခဲ့တာဖြစ်ပါတယ်။

မင်းသမီး ဖန်ဘင်းဘင်းနဲ့ စာချုပ်ချုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို တရုတ် ယွမ် ၈၈၃ သန်း ပေးဖို့ တရုတ် အာဏာပိုင်တွေက အမိန့်ပေးထားပါတယ်။ ဖန်ဘင်းဘင်းက “လုပ်မိခဲ့တဲ့ လုပ်ရပ်တွေအတွက် ရှက်မိပါတယ်။ အရှက်စရာဖြစ်တဲ့လုပ်ရပ်တွေအတွက်လည်း အားလုံးကို တောင်းပန်ပါတယ်“ လို့ပြောခဲ့ပါတယ်။ တရုတ်ရဲတပ်ဖွဲ့ဝင်တွေဟာ မင်းသမီး ဖန်ဘင်းဘင်းရဲ့ အေးဂျင့်ကို စုံစမ်းစစ်ဆေးဖို့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဖန်ဘင်းဘင်းဟာ တရုတ် သရုပ်ဆောင်တွေထဲမှာ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ ဝင်ငွေ ယွမ် ၃၀၀ သန်းရရှိခဲ့ကာ တရုတ်သရုပ်ဆောင်တွေထဲမှာ ဝင်ငွေအများဆုံး ရသူအဖြစ် Forbes မဂ္ဂဇင်း ကဖော်ပြခဲ့ဖူးပါတယ်။

Ref: bbc “Fan Bingbing: Top Chinese actress fined for tax evasion”

Kaung Htet Ngwe ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply