ဆေးလိပ်သောက်တဲ့သူတွေ COVID-19 ကူးစက်ခံရနိုင်ခြေပိုများ

22-4-2020-yyl-031.jpg

အမေရိကန်နိုင်ငံရဲ့ အစားသောက်နဲ့ဆေးဝါးကွပ်ကဲရေးက COVID-19 နဲ့ နီကိုတင်းတို့ရဲ့ဆိုးကျိုးတွေကို “ဆေးလိပ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်မယ့် အခွင့်အလမ်းကို တိုးလာစေနိုင်တယ်” လို့ ပြောပြီး ဒုတိယတစ်ခေါက် ပြန်လည်သုံးသပ်မှုတွေလုပ်ဖြစ်ခဲ့ပါတယ်။ “ဆေးလိပ်သောက်တဲ့သူတွေက COVID-19 ရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်ကူးစက်နိုင်ခြေပိုများပြီး COVID-19 ကရလာတဲ့အကျိုးရလဒ်ကလည်း ဆိုးရွားနိုင်ပါတယ်”လို့ Bloomberg News က မေးခွန်းကို ပြန်လည်ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။

အခုလအစောပိုင်းမှာ FDA က ဆေးလိပ်သောက်တဲ့သူတွေဟာ COVID-19 ရဲ့ဆိုးကျိုးကို ဆိုးရွားစွာခံစားရနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒါကို ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ပထမဆုံးအစမှာပဲ ခံစားရနိုင်လားဆိုတာကိုတော့ ရှင်းလင်းပြောဆိုခဲ့ခြင်းမရှိပါဘူး။ ဗိုင်းရပ်စ်သစ်ကိုလေ့လာနေတဲ့ သုတေသနပညာရှင်တွေက ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ (၂.၅) သန်းနီးပါးနဲ့ သေဆုံးသူ (၁၇၁,၀၀၀) ကျော်ရှိနေပါပြီ။ ကမ္ဘာပေါ်မှာ ခန့်မှန်းခြေ ဆေးလိပ်သောက်တဲ့သူ (၁.၁) ဘီလျံနဲ့ Vape သုံးတဲ့သူ (၄၁) သန်းတို့က ဗိုင်းရပ်စ်ရဲ့ခြိမ်းခြောက်ခံရမှု အလားလာရှိတာကြောင့် သူတို့အတွက် လမ်းညွှန်ချက်တွေက ပြောင်းလဲတယ်လို့ ဆိုပါတယ်။

ဆေးလိပ်ထုတ်လုပ်တဲ့သူတွေကလည်း ဆေးလိပ်သောက်တဲ့သူတွေကို ကျန်းမာရေးအဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်တဲ့ သူတွေဆီက အကြံဉာဏ်တောင်းသင့်တယ်လို့ ပြောပါတယ်။ “နီကိုတင်းနဲ့ ဆေးရွက်ကြီးတွေက အန္တရာယ်မကင်းပါဘူး။ ဘယ်သူမဆိုလုပ်နိုင်တဲ့ အကောင်းဆုံးအရာက နှစ်ခုလုံးကို ဖြတ်ပစ်ဖို့ပါပဲ။ ဆေးလိပ်မဖြတ်ချင်တဲ့သူတွေက ဆေးလိပ်မသောက်ချင်အောင်လုပ်ပေးတဲ့ပစ္စည်းကို အသုံးပြုဖို့ စဉ်းစားကြည့်သင့်ပါတယ်” လို့ Philip Morrisရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရေး ဟင်နရီက ပြောပါတယ်။

COVID-19 နဲ့ ပတ်သက်ပြီး လေ့လာခဲ့တဲ့ သုတေသနပညာရှင်တွေက ဆေးလိပ်သောက်တာက ဖျားနာခြင်းနဲ့အဆုတ်ရောင်ရောဂါရှိတဲ့သူတွေကို ဘယ်လိုထိရောက်မှုရှိသလဲဆိုတဲ့ ဒေတာအဟောင်းတွေကို လေ့လာဖြစ်ခဲ့ပါတယ်။ FDA က ဆေးလိပ်သောက်တာက နှလုံးနဲ့ အဆုတ်ရောဂါဖြစ်စေပြီး ကိုယ်ခံအားစနစ်ကို ထိခိုက်စေတဲ့အပြင် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကူးစက်မှုဖြစ်လာနိုင်ခြေ တိုးလာစေတယ်လို့ ဧပြီလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ ဆေးလိပ်သောက်တာက အဆုတ်ကိုထိခိုက်စေတဲ့အတွက် COVID-19 ကလည်း အဆုတ်ရောင်ရောဂါလက္ခဏာပြတာကြောင့် ဆေးလိပ်သောက်တဲ့သူတွေ ကူးစက်နိုင်ခြေပိုများတာ ဖြစ်နိုင်ပါတယ်။

Ref: Smokers may have higher risk of catching Covid19: FDA

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top