အော်တစ်ဇင် (Autism) မှတ်ဉာဏ်မဖွံ့ဖြိုးမှု ရောဂါ

yyl-002-2.jpg

အော်တစ်ဇင် ဆိုတာ ဉာဏ်ရည်မဖွံ့ ဖြိုးမှုရောဂါ တစ်နည်းအားဖြင့်တော့ မသန်မစွမ်းဖြစ်ခြင်းတစ်မျိုးပါပဲ။ ဒီလို ဖြစ်သူတွေရဲ့ ရောဂါလက္ခဏာဟာ အလွန်ပဲ ကျယ်ပြန့် ပြီး ကွဲပြားမှုရှိပါတယ်။ သူတို့ လေးတွေကို သာမန် ပုံပန်းသဏ္ဌာန်နဲ့ ကြည့်ပြီး သတ်မှတ် လို့ မရပေမယ့် သူတို့ တွေဟာ မွေးလာကတည်းက ဉာဏ်ရည်မဖွံ့ ဖြိုးဘဲ စကားပြောဆိုမှု အခက်အခဲတွေ့ ခြင်း၊ ပေါင်းသင်းဆက်ဆံမှု မပြုနိုင်ခြင်း၊ လူတွေနဲ့ မိတ်သဟာဖွဲ့ မှု မလုပ်တတ်ခြင်း၊ အာရုံကြော ချွတ်ယွင်းမှုကြောင့်ခန္ဓာကိုယ် လှုပ်လှုပ်ရှားရှားမဖြစ်ခြင်း၊ သာမန်လူလို ပြုမှု ပြောဆိုမှုမရှိပဲ ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်ကြပါတယ်။

ဒီလို အော်တစ်ဇင် ဝေဒနာခံစားနေရသူတွေအနေနဲ့ အတိုင်းအတာ အဆင့် အမျိုးမျိုး ရှိကြပါတယ်။ ယဉ်ယဉ်လေးကနေ ပိုပြီးပြင်းထန်သော အဆင့်ဆိုပြီး သတ်မှတ်ထားကြပါတယ်။ ပြင်းထန်သော အဆင့် ကို ခံစားနေရ တဲ့ အော်တစ်ဇင် ဝေဒနာရှင်များအနေနဲ့ သူတို့ ရဲ့ လက္ခဏာတွေကတော့ စကားပြောဆိုမှုလုံး၀ မရှိဖြစ်နေတတ် ပြီး အခြားဘေးနားကလူတွေကိုလည်း သတိမမူမိခြင်း၊ မသိခြင်း ဖြစ်နေတတ်ပါတယ်။

နောက် အမျိုးအစားကတော့ အော်တစ်ဇင်ကို ယဉ်ယဉ်လေး ခံစားနေရတဲ့ ဝေဒနာရှင်တွေပဲဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကတော့ အရမ်းကို သာမန်လူတွေထက် တော်လွန် ကြပါတယ်။ ဉာဏ်ကောင်းကြပါတယ်။ ဒါပေမယ့် သူတို့ တွေဟာ လူမှုပတ်ဝန်းကျင်နဲ့ တုံ့ ပြန်မှုမှာ ထူးခြား ပြီး အများနဲ့ မတူဖြစ်နေတတ်ပါတယ်။ အော်တစ်ဇင်ဝေဒနာရှင် အများစုကတော့ အလည်အလတ်မှာပဲရှိကြပါတယ်။ တအားကြီး အစွန်းမရောက်တတ်ပါဘူး။

ကဲ အော်တစ်ဇင် ဝေဒနာရှင်တွေအနေနဲ့ ဧရိယာနယ်ပယ် (၃) ခု မှာ အခက်အခဲတွေရှိကြပါတယ်။ အဲ့ဒီနယ်ပယ် (၃) ခုကတော့

၁။ ပေါင်းသင်းဆက်ဆံခြင်း (Communication) ဖြစ်ပါတယ်။ ဒီဟာနဲ့ ပတ်သက်တဲ့ လက္ခဏာကတော့

• စကားပြောတာ ထပ်ခါတလဲလဲ ထစ်ငေါ့နေမယ်၊ အကြောင်းအရာ အဓိပ္ပါယ် မရှိဖြစ်နေတတ်ခြင်း။
• တုံ့ ပြန်မှု အားနည်းပြီး၊ မပြောမဆိုဖြစ်နေမယ်
• မကြာခဏ အကြောင်းပြချက်မရှိဘဲ ရယ်မယ်၊ ငိုမယ်၊
• သူတစ်ပါးပြောတာတွေကို နားမလည်ခြင်း၊ အရိပ်အကဲ ပြသော်လဲ သဘောမပေါက်ခြင်း
• လမ်းညွန်ချက် အဆင့် တွေကို လိုက်လုပ်မတတ်ခြင်း စတဲ့ လက္ခဏာတွေဖြစ်ပါတယ်။

၂။ လူမှုရေးရာ အပြန်အလှန် တုံ့ ပြန်ပြောဆိုခြင်း (Social Interaction) ပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဒီဝေဒနာရှင်တွေက

• မိမိခံစားနေရတာတွေကိုပြန်မပြောတတ်ခြင်း၊လိုအပ်တာတွေကို မရှင်းပြတတ်ခြင်းဖြစ်နေတတ်မယ်။
• တစ်မူထူးခြားတဲ့ ပြောဆိုဆက်ဆံမှု ရှိပြီး တစ်ယောက်တည်းနေရတာ ကြိုက်ပါတယ်။
• မျက်လုံး ပြန်ကြည့်မှု အဆက်အသွယ် မရှိခြင်း၊ ကိုယ်လက်ဟန်ပန် လုပ်မတတ်ခြင်း
• မကြောက်မရွံ့ ဖြစ်နေတတ်ခြင်းတွေ ပြနေမှာ ဖြစ်ပါတယ်။

၃။ ပြုမူလုပ်ဆောင်ခြင်း (အကျင့်)

• အပြောင်းအလဲများနဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေ လုပ်ဆောင်ရာ မှာ အခက်အခဲရှိခြင်း
• အာရုံခံ ဝန်ထုပ်ဝန်ပိုး ဖြစ်ကာ အရမ်း ထိခိုက်လွယ်တတ်ပါတယ်။ ဆူညံမှု၊ လူစုလူဝေး၊ တစ်ချိန်ထဲတွင် အရာများရှုပ်ထွေးစေမှု၊ထိတွေ့မှုတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်လွယ်တတ်ကြပါတယ်။
• တစ်မူထူးခြားသော ကစားခြင်း၊ အရာဝတ္ထု လည်ခြင်း၊ တစ်မှုထူးခြားစွာ အရာဝတ္ထုများကို ခုံမင်တတ်ခြင်း တွယ်တာတတ်ခြင်း၊
• အကြောင်းအရာတစ်ခုတည်းမှာ (ဥပမာ၊ ရထား၊ ဒိုင်နိုဆော၊ ဇာတ်လမ်း၊ တိရစ္ဆာန် ) စတဲ့ အကြောင်းတစ်ခုခုကိုပဲ စူးစူးစမ်းစမ်း စိတ်ပါဝင်စားတတ်ကြပါတယ်။
• ပိုမိုသွက်လက်စွာနေထိုင်တတ်ခြင်း (သို့) သွက်လက်လှုပ်ရှားမှု မရှိခြင်း အားနည်းခြင်း တို့ ဖြစ်တတ်ပါတယ်။

ကဲ ဒီလိုအော်တစ်ဇင်အကြောင်းကို သိရှိပြီးသောအခါ မိမိကူညီပြုလုပ်နိုင်မယ့်အရာတွေကတော့ …..

သူတို့ တွေကိုခင်မင်မှုပြုပါ။ သနားကြင်နာမှုပြပါ။ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု ပြုလုပ်ပါ။ စနောက်ခြင်း၊ ကျီဇယ်ခြင်းကို ရှောင်းရှားပါ။ ကျောင်းများတွင် ဆရာ၊ဆရာမ အနေနဲ့ အထူးဂရုစိုက်ပေးပါ၊ တစ်ခြားမသိရှိသေးသော လူများကို ပညာပေးပြောပြီး ဒီဝေနာရှင်များကို ကူညီပါ။ အကြံပေးပုဂ္ဂိုလ်တို့ နဲ့ တိုင်ပင်ဆွေးနွေးပါ။ လိုအပ်ပါက နီးစပ်ရာ အော်တစ်ဇင်ကျောင်းများကို အပ်နှံပါ။ ဒါတွေကို ဖတ်နေတဲ့ သင်ပြုလုပ်နိုင်တဲ့ အရာတွေပါ။

ဒီအရာတွေကို သင်သိပြီး ဒီလိုရောဂါရှင်တွေအပေါ် သင် ကိုယ်ချင်းစာတတ်လာမယ်လို့ ယုံကြည်မိပါတယ်။ ဝမ်းနည်းစွာဖြင့် ဒီကလေးတွေကို လူမှုအသိုင်းအဝိုင်းက ပစ်ပယ်လေ့ရှိကြတယ်။ ဘာဝင်စား ညာဝင်စားဆိုပြီး လွယ်လွယ်ထင်ကြေးပေးလိုက်ကြတယ်။ အမှန်တော့ အဲ့ဒါမှားယွင်းတဲ့ အလေ့အထပါ။ သူတို့ တွေဟာ မြန်မာလူ့ အသိုင်းအဝိုင်းမှာ အပယ်ခံတွေလို့ လူတွေ သတ်မှတ်ကြပါတယ်။ များသောအားဖြင့် အရူးလို့ လွယ်လွယ်ခေါ်တတ်ကြတယ်။ ဒါတွေဟာ မကောင်းပါဘူး။ မဖြစ်သင့်တော့ပါဘူး။ ကိုယ်ချင်းစာတရားထားရှိပြီး တော့ ဝိုင်းဝန်းဖေးမပြီး ထိရောက်တဲ့ ပံ့ပိုးမှုများကို သက်ဆိုင်ရာ ဆရာဝန်၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနဲ့ ပူးပေါင်းက ဤဝေဒနာရှင်ကလေးတွေကို ဝိုင်းဝန်း ကူညီစောင့်ရှောက်စို့ လား…သူတို့ လေးတွေဟာ လိုအပ်တဲ့ ပံ့ပိုးမှု များရရုံဖြင့် သာမန်လူတွေလို နေထိုင်ပြုမှု နိုင်တဲ့ အရည်အချင်းများရှိပါတယ်။ ကျွန်တော်တို့ အားလုံး မတူကွဲ ပြားစွာ စွမ်းဆောင်နိုင်စွမ်းရှိကြပါတယ်။

Ref: WebMD, NHS
TharHtoo(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top