အသည်းကွဲလျှင် ကျောင်းတက်ပါ

yyl-013-4.jpg

လူရယ်လို့ဖြစ်လာတဲ့ အချိန်တွင် ချစ်တဲ့စိတ်ဖြစ်ပေါ်တတ်တာ ကလေးဘဝထဲက သဘာဝဖြစ်စဥ်တစ်ခုပါ။ တားဆီးလို့မရသလို ဖန်တီးယူလို့လဲ အစစ်အမှန် မရနိုင်ပါဘူး။ ဆယ်ကျော်သက် အရွယ်လောက်ကစပြီး မိသားစုဝင် မဟုတ်တဲ့ တစ်ဦး တစ်ယောက်အပေါ် စိတ်ခံစားချက် အရ ခင်တွယ်ကာ သံယောစဥ် ဖြစ်ခြင်းကိုပင် ချစ်ခြင်းအစ ဟုခေါ်ရမည်။ အရွယ်ရောက်လာတာ နှင့်အမျှ မိမိ၏ ပင်ကိုယ်စရိုက်အရ အချစ်အပေါ်ရွေးခြယ်မှု ခံယူမှုတွေ ကွာခြားသွားတတ်ပြီး တည်ငြိမ်သော အချစ်တစ်ခုဖြင့် အေးချမ်းသော မိသားစု တစ်ခုကို တည်ထောင်နိုင်သည် အထိ ရွေးချယ်ကြသည်။

တစ်ချို့လည်း ကံကောင်း လွန်းပြီး အိမ်ထောင်ဖက် နှင့် ချစ်ခင်တတ်စ မှာပင် တန်းတိုးတတ်သလို အချို့လည်း တော်တော်လေး ကြာကြာ အကြိမ်ကြိမ် အသည်းကွဲကြ ပြီးမှပဲ တည်ငြိမ်ရဖို့ ကံပါလာတတ်ကြသည်။ ဒါဟာ သဘာဝပါ။ ချစ်တတ်တာလဲ သဘာဝ ဖြစ်သလို အချစ်ကိစ္စဆွေးနွေး ရတာလည်း ရှက်စရာ မဟုတ်ပါ။

ဒီလိုနှင့် အကြိမ်ကြိမ် အသည်းကွဲ နေရသူတွေ အတွက်တော့ လမ်းမှား မရောက်သွားဖို့တော့ ထိန်းရန်လိုအပ်ပါသည်။ များသော အားဖြင့် အသည်းကွဲပြီဆိုလျှင် မိန်းကလေးပဲဖြစ်ဖြစ် ယောာက်ျားလေးပဲဖြစ်ဖြစ် စိတ်ထွက်ပေါက်ရှာတတ်ကြပါသည်။ အများအားဖြင့်ဆိုလျှင် ဆံပင်ပုံစံပြောင်းလိုက်ခြင်း၊ ယုံကြည်ရသော night out တွေထွက်လိုက်ခြင်း၊ မသောက်ဘူးတဲ့ alcholic drink တွေသောက်လိုက်ခြင်း အစရှိသည်များကို ယေဘုယျ အားဖြင့်လုပ်တတ်ကြပါသည်။ စိတ်ပိုင်းဆိုင်ရာ အမြင်အရတော့ ဒါဟာ နာကျင်သွားသည့် စိတ်ကို တဒဂ် စိတ်ပျော်ရွှင် ရမည်ဟု ယူဆသည့် လုပ်ဆောင်ချက်များဖြင့် အစားထိုးရန် ကြိုးစားခြင်းပဲဖြစ်ပါသည်။

အသည်းကွဲချိန်မှာ အလိုအပ်ဆုံးသည် အချိန်ပဲဖြစ်သည်။ အချိန်တစ်ခုကို တောင့်ခံပြီးကျော်ဖြတ်ပြီးသွားလျှင် သင်၏စိတ်သည် ပြန်လည်တည်ငြိမ်ကာ ပို၍ ရင့်ကျက်လာပေမည်။ စဥ်းစား ချင့်ချိန်နိုင်စွမ်းတွေလည်း ပိုလို့တိုးလာခဲ့ပေမည်။ ပြောရရင်တော့ အတွေ့အကြုံရှိသွား ပြီဖြစ်သည်။ ထို့ကြောင့် စာရေးသူမှ စာဖတ်သူ သူငယ်ချင်းများအား စိတ်ဝင်စားသည့် ဘာသာရပ်တစ်ခု အပေါ် အသည်းကွဲလို့ ကုစားဖို့လိုနေသည့် စိတ်ရော၊ night out တွေထွက် club တွေသွားလို့ ကုန်မည့် ငွေရောကို ပညာရပ် တစ်ခုထဲသို့ ရင်းနှီးမြုပ်နှံ လိုက်မည်ဆိုလျှင် သင်သည် အချိန်အတိုင်းအတာ တစ်ခုကျော်ဖြတ် အပြီးတွင် ရင့်ကျက်လာမည်၊ အသည်းကွဲ ဒဏ်ရာကုစားလာနိုင်မည်၊ မလိုအပ်ပဲ ငွေဖြုန်းခြင်းက ကာကွယ်နိုင်မည့်အပြင် ပညာရပ်တစ်ခု နှင့် တစ်ကွ ကျောင်းဆင်းဘွဲ့လက်မှတ်တစ်ခုပါ အဖတ်တင်လာမည်ဖြစ်သည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top