ရိုးရာလေး တိုတိုထွာထွာ

21.7.23-yyl-7.jpg

ပုံမှာ မြင်ရတာကတော့ စင်ကာပူနိုင်ငံက Marina Bay Sands ဟိုတယ် ဖြစ်ပါတယ်။ ၅၅ ထပ်မြင့်တဲ့ တာဝါ ၃ လုံးကို Sands Skypark ဆိုတဲ့ ကောင်းကင်လျှောက်လမ်းနဲ့ ပေါင်းစပ်ထားတဲ့ Marina Bay Sands ဟိုတယ်ရဲ့ ဗိသုကာဒီဇိုင်းက ဆွဲဆောင်မှုရှိပြီး ရင်သပ်ရှုမောဖွယ်ရာပါပဲ။ ပေ ၁၁၂၀ ရှည်လျားတဲ့ ကောင်းကင်လျှောက်လမ်းဟာ လူ ၃၉၀၂ ယောက်အထိ ဆံ့ပြီး အပေါ်မှာ ရေကူးကန်ကျယ်ကြီးလည်း ရှိပါသေးတယ်။

အမေရိကန်နိုင်ငံအခြေစိုက် Las Vegas Sands ကော်ပိုရေးရှင်းက ပိုင်ဆိုင်တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆.၈ ဘီလျံ အကုန်အကျခံ တည်ဆောက်ခဲ့တာပါ။ ၂၀၂၈ ခုနှစ်ကျရင် Marina Bay Sands ဟိုတယ်မှာ စတုတ္ထမြောက် တာဝါတစ်လုံး ထပ်မံတည်ဆောက်ဖို့ ရှိပြီး အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

Ref: Marina Bay Sands

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top