အသံတုနဲ့ ဖုန်းဆက်ပြီး ဖခင်ရဲ့ဘဏ်အကောင့်ထဲက ငွေတွေအကုန် ခိုးခဲ့တဲ့သား

22.7.23-yyl-1.jpg

ဗြိတိန်အမျိုးသားတစ်ယောက်ဟာ သူ့အဖေနဲ့ ကွယ်လွန်သူ မိခင်ရဲ့ အသံတုတွေလုပ်ပြီး ဖခင်ရဲ့ ဘဏ်အကောင့်ထဲက ငွေတွေအကုန် ခိုးယူခဲ့ပါတယ်။ ၄၂ နှစ်သား ကုသ်ဘတ်ဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကြား ၁၄ လတာ ကာလအတွင်း သူ့အဖေရဲ့ ဘဏ်အကောင့်ထဲကနေ ပေါင် ၅၆၀၀၀ ကျော်ကို လိမ်လည် ထုတ်ယူခဲ့တာလို့ ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

သူဟာ ဘဏ်ဝန်ထမ်းတွေကို ဖုန်းဆက်ရာမှာ သူ့အဖေနဲ့ ကွယ်လွန်သူ မိခင်ရဲ့ အသံတွေအတိုင်း တုပပြောဆိုခဲ့ပြီး ဘဏ်အကောင့် လုံခြုံရေး မေးခွန်းတွေကိုလည်း မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ (အလုပ်ထုတ်ခံရလို့ ရတဲ့ နစ်နာကြေးငွေအပါအဝင်) ဖခင်ဖြစ်သူ စုဆောင်းထားသမျှကို အခြားဘဏ်အကောင့်ထဲ လွှဲပြောင်းခိုင်းခဲ့တာပါ။ ကုသ်ဘတ်ဟာ ဖခင်အမည်နဲ့လည်း ချေးငွေတွေ ယူခဲ့ပါသေးတယ်။

ဖခင်က သူ့ရဲ့ ဘဏ်အကောင့်ကို စစ်ဆေးကြည့်တော့ ပိုက်ဆံတွေ တတိတိ လျော့လာတာ မသင်္ကာလို့ ဘဏ်ကို အကြောင်းကြားခဲ့တာပါ။ ဒါပေမဲ့ သူ့သား ခိုးယူခဲ့တာလို့ မထင်ခဲ့သေးပါဘူး။ ရဲတပ်ဖွဲ့က အသံဖိုင် ထုတ်ပြတော့မှ သူ့သားလက်ချက်မှန်း သိသွားခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် ပရက်စတန်တရားရုံးက ကုသ်ဘတ်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။

Ref: “Son of the Year” Impersonates Dead Mother to Steal $70,000 from Grieving Father

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top