တောင်ကိုရီးယားမှာ ၄၂ ရက်ဆက်တိုက် မိုးရွာပြီး ရေကြီး၊ မြေပြိုတဲ့အတွက် အနည်းဆုံး လူ ၁၅ ယောက် သေဆုံး

6-8-2002-yyl-008.jpg

တောင်ကိုရီးယားနိုင်ငံမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၅ ယောက် သေဆုံးပြီး အိုးအိမ်စွန့်ခွာခဲ့ရသူ ၁၅၀၀ ကျော် ရှိခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အရှည်ကြာဆုံး မုတ်သုန်မိုးရွာသွန်းမှုအဖြစ် ၄၂ ရက်ဆက်တိုက် မိုးရွာသွန်းခဲ့ပြီးနောက်မှာ ဝန်ကြီးချုပ် ချန်ဆေးကျန်က ဒေသနှစ်ခုကို ဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကန့်သတ်မှုတွေလုပ်ထားလို့ ကယ်ဆယ်ရေးဆောင်ရွက်ဖို့ အားထုတ်ကြိုးပမ်းမှုတွေ ခက်ခဲပွေလီခဲ့ပါတယ်။

လူများလွန်းတဲ့ ခိုလှုံရေးစခန်းတွေမှာ ဗိုင်းရပ်စ် ကူးစက်မလားဆိုပြီး စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ အိုးအိမ်စွန့်ခွာရသူတွေကို ယာယီခိုလှုံရေးစခန်းတွေမှာ တစ်ယောက်နဲ့တစ်ယောက် ခပ်လှမ်းလှမ်း နေရာချထားပေးဖို့ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခပ်ဝေးဝေးနေစေဖို့အတွက် မိသားစုအလိုက်ပဲဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်ချင်းစီပဲဖြစ်ဖြစ်၊ ခုတင်တစ်လုံးနဲ့ တစ်လုံးကြားမှာပဲဖြစ်ဖြစ် ယင်းလိပ်တွေ ကာရံထားပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာတော့ ဟန်မြစ်ရေတက်လို့ ကားလမ်းတွေနဲ့ တံတားတွေမှာ ရေဖုံးလွှမ်းခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံတစ်ဝန်းမှာ ရေဖုံးလွမ်းခဲ့တဲ့ ဒါမှမဟုတ် မြေပြိုကျမှုမှာ ပါဝင်ခဲ့တဲ့ နေအိမ် ၁၃၀၀ လောက် ရှိပြီး လမ်းနဲ့ တံတား ၁၀၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ပါတယ်။

Nz (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top