ကားအရောင်းပြခန်းမှာနေရင်း ကားအရောင်းစာရေးအဖြစ် ရာထူးတိုးသွားခဲ့တဲ့ ခွေးလေး

6-8-2002-yyl-001.jpg

အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ခွေးတွေက သစ္စာအရှိဆုံးနဲ့ စွန့်လွှတ်အနစ်နာခံဆုံး တိရစ္ဆာန်တွေဖြစ်တဲ့အပြင် လူသားတွေကို အကူအညီပေးနိုင်တဲ့ မိတ်ဆွေသူငယ်ချင်း လည်းဖြစ်ပါတယ်။ ခွေးတွေ ဘယ်လောက်တော်ကြောင်း၊ လူသားတွေပေါ် ဘယ်လောက်သစ္စာရှိကြောင်းပြသခဲ့တဲ့ ဇာတ်လမ်းတွေကိုလည်း စာဖတ်ပရိသတ်တွေ မြင်ဖူးဖတ်ဖူးကြမှာပါ။ ဘရာဇီးနိုင်ငံက Tucson Prime ဆိုတဲ့ ခွေးလေးတစ်ကောင်ဆိုရင် တော်တဲ့အတွက် ကားအရောင်းစာရေးရာထူးကိုတောင် ရရှိပိုင်ဆိုင်ထားပါတယ်။ အဲဒီခွေးလေးက လေလွင့်ခွေးဖြစ်နေချိန်မှာ သူ့ဘဝက ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ် မေလ ၂၁ ရက်နေ့မှာ သူ့ကို ဘရာဇီးနိုင်ငံရဲ့ Hyundai ကားရောင်းဝယ်ရေးက လူတွေက မွေးစားခဲ့ပါတယ်။

သူ့ရဲ့အိမ်အသစ်က သက်တောင့်သက်သာရှိပြီး လေအေးပေးစက်လည်းရှိတဲ့ ကားအရောင်းပြခန်းပါပဲ။ သူ့ကို စားကောင်းသောက်ဖွယ်တွေကိုလည်း နေ့တိုင်းကျွေးမွေးကြပါတယ်။ သူ့အတွက် ခွေးအိမ်ဆောက်ပေးထားတဲ့အပြင် သန့်ရှင်းသွားအောင်လည်း သူ့ကို ရေချိုးပေးကြပါတယ်။ သူကတော့ ကားအရောင်းပြခန်းမှာ နေထိုင်ရတာ အရမ်းကို သက်တောင့်သက်သာဖြစ်လို့နေပါတယ်။ သူက ဝန်ထမ်းတွေနဲ့အတူ အလုပ်သွားရပြီး တစ်ခါတလေ အလုပ်လည်း လုပ်ပေးရပါတယ်။ ကားလာဝယ်တဲ့သူတွေ ကားကို စမ်းမောင်းချင်တဲ့အခါ Tucson က အန္တရာယ်ကင်းအောင် လုပ်ပေးရတဲ့အပြင် ကားကြော်ငြာအတွက် မော်ဒယ်နဲ့ ambassador တစ်ယောက်လည်းဖြစ်ပါတယ်။ Tucson က တော်ပြီး လိမ္မာတဲ့အတွက် ဝန်ထမ်းကဒ်ရှိတဲ့ ကားအရောင်းစာရေးရာထူးတောင် ရရှိခဲ့ပါတယ်။

Tucson က အရောင်းစာရေးတစ်ယောက်အနေနဲ့ လူတွေလာတဲ့အခါ စိတ်ကျေနပ်အောင်လုပ်ပေးရတဲ့အပြင် ရောင်းအားကောင်းအောင်လည်း လူတွေဝယ်ချင်လာအောင် လုပ်ပေးရပါတယ်။ Tucson ဟာ အရင်က အိမ်ရာမဲ့ဖြစ်ခဲ့ပေမယ့် သူ့ကို ချစ်မြတ်နိုးပြီး လက်ခံပေးတဲ့ နားခိုရာနေရာတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ သူ့ကို လူတော်တော်များများက ချစ်ခင်မြတ်နိုးပြီး အားကျတဲ့အတွက်ကြောင့် အခုဆိုရင် အင်စတာဂရမ်အကောင့်မှာ follower (၂၇၃၀၀) ရှိနေပါပြီ။ Tucson လေးက လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ နာမည်ကြီးနေပြီး Hyundai ကားရောင်းဝယ်ရေးကို လူသိများအောင် အလုပ်ကြိုးစားခဲ့တဲ့အတွက် နောက်ပိုင်းမှာ ရာထူးတိုးဦးမှာပါပဲ။

Ref: WorldofBuzz “Employee of The Year: Doggo Gets Promoted To Car Salesman After Being The Goodest Boy”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top