တောင်ကိုရီးယားက မြန်မာကို အမေရိကန်ဒေါ်လာ (၁.၃) သန်းလှူဒါန်းမယ်

9-6-2-21-yl-29.jpg

ရန်ကုန်၊ ဇွန် (၁၀)

တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR)နဲ့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ကတစ်ဆင့် အမေရိကန်ဒေါ်လာ (၁.၃) သန်းလှူဒါန်းမယ်လို့ သိရပါတယ်။၂၀၂၁ ခုနှစ်၊ တောင်ကိုရီးယားနိုင်ငံရဲ့လှူဒါန်းမှုရန်ပုံငွေကို မြန်မာနိုင်ငံအတွင်းက အကူအညီအထူးလိုအပ်နေတဲ့ နေရာတွေဖြစ်တဲ့ UNHCR နဲ့ WFP တို့ ဆောင်ရွက်ကြမယ့် အထောက်အပံ့လုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ UNHCR ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ လှူဒါန်းမှုရန်ပုံငွေကို UNHCR က ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် စွန့်ခွာထွက်ပြေးရသူတွေ၊ မိုးရာသီကာလအတွင်းမှာ ရင်ဆိုင်ကြုံတွေ့ရနိုင်တဲ့အခြေအနေတွေကနေကာကွယ်ပေးနိုင်ရန်အတွက် နေအိမ်အမိုးအကာတွေပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းနဲ့ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေအတွက် UNHCR က အသက်ကယ်အကူအညီတွေနဲ့ အရေးပေါ်အကူအညီတွေ ပိုမိုပေးအပ်နိုင်ရန်ဖြစ်တယ်လို့ သိရပါတယ်။

ဒ့ါပြင် WFP ကလည်း ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက အနွမ်းပါးဆုံးနဲ့ ထိခိုက်အလွယ်ဆုံးမြို့နယ်တွေမှာ မြင့်တက်လာတဲ့ အငတ်ဘေးကို ဖြေရှင်းရန် အရေးပေါ်စားနပ်ရိက္ခာထောက်အပံ့မှုကို ပေးအပ်သွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်အလယ်ပိုင်းနဲ့ မြောက်ပိုင်းက လူဦးရေ (၃၂၀,၀၀၀) အတွက် WFP က လစဉ်‌ပေးအပ်နေတဲ့ အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာ (သို့မဟုတ်) ငွေသား အထောက်အပံ့တွေမှာလည်း တောင်ကိုရီးယားနိုင်ငံကလှူဒါန်းမှုရန်ပုံငွေကို ထည့်သွင်းအသုံးပြုသွားမှာဖြစ်တယ်လို့ UNHCR ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source- UNHCR
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top