ပါးစပ်နဲ့ နှာခေါင်းစည်းဝတ်ဆင်ရင်း ပါဝါမျက်မှန်မှာ အခိုးအငွေ့ရိုက်တာကနေ ဘယ်လိုကာကွယ်မလဲ

20-4-20202-yyl-016.jpg

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် အပြင်ထွက်တိုင်း ပါးစပ်နဲ့နှာခေါင်းစည်းဝတ်ဆင်ဖို့ အစိုးရက တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ပါးစပ်နဲ့ နှာခေါင်းစည်းတွေက ဆိုင်တွေမှာ ဝတ်ယူလို့မရတာတွေရှိတဲ့အတွက် အိမ်မှာ ကိုယ်တိုင်ဖန်တီးချုပ်လုပ်နေပြီး ဒါတွေကို ဝတ်ဆင်နေကြရပါတယ်။ ပါးစပ်နဲ့နှာခေါင်းစည်းတွေကို အချိန်အကြာကြီးဝတ်ဆင်ရတာက ပါဝါမျက်မှန်တပ်တဲ့သူတွေအတွက် ပြဿနာတစ်ခုရှိနိုင်ပါတယ်။ ပါးစပ်နဲ့နှာခေါင်းစည်းဝတ်တာက သင့်မျက်မှန်ကို အခိုးရိုက်ပြီး ဝိုးတိုးဝါးတားဖြစ်စေနိုင်ပါတယ်။ သင့်အသက်ရှုလိုက်တာကနေ ဖြစ်လာတဲ့အပူငွေ့က မှန်ကို သွားထိတဲ့အတွက် ဖြစ်လာရတာဖြစ်ပါတယ်။

ပါဝါမျက်နှာတပ်သူတွေ အဲဒီလိုဖြစ်တာကနေ ဘယ်လိုကာကွယ်မလဲ

ပါးစပ်နဲ့နှာခေါင်းစည်းနဲ့အတူ တစ်ရှုးကို အသုံးပြုပါ

ပါးစပ်နဲ့ နှာခေါင်းစည်းအတွင်းထဲမှာ တစ်ရှုးစကို ထည့်ထားလို့ရပါတယ်။ ဒီလိုလုပ်တာက သင့်နှာခေါင်းကြားမှာ အခိုးအငွေ့တွေကို စုပ်ယူပေးတဲ့ အရာအဖြစ်ဖန်တီးပေးလိုက်သလိုပါပဲ။ ပါးစပ်နဲ့နှာခါင်းစည်းကြားထဲကို တစ်ရှုးစထားလိုက်တာက အဲဒီတစ်ရှုးစက အသက်ရှုလိုက်လို့ထွက်လာတဲ့ အပူငွေ့ကို မျက်မှန်ဆီမရောက်အောင် စုပ်ယူပေးလိုက်မှာဖြစ်ပါတယ်။ မျက်မှန်လည်း အခိုးအငွေ့မရိုက်တော့တဲ့အတွက် ကြည့်ရတာ ဝိုးတိုးဝါးတားမဖြစ်တော့မှာဖြစ်ပါတယ်။

မျက်မှန်ပေါ်မှာ ဆပ်ပြာအနည်းငယ်ထားပါ

သင့်မျက်မှန်က အခိုးအငွေ့ရိုက်တာကို ကာကွယ်ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းက သင့်မျက်မှန်ကို ဆပ်ပြာရည်နဲ့ သန့်စင်လိုက်တာပါပဲ။ သင်က မျက်မှန်ကို ဆပ်ပြာရည်နဲ့ သန့်စင်ပြီးတဲ့နောက်မှာ ရေတွေကို မသုံးဘဲ ထားလိုက်ပြီး သူ့ဘာသာ ခြောက်သွားပါစေ။ သူ့အလိုလိုခြောက်သွားတဲ့ဆပ်ပြာရည်က အလွန်သေးငယ်တဲ့အခိုးအငွေ့မောလီကျူးတွေကို လျော့ချပေးနိုင်ပါတယ်။ ရေကူးသမားတွေလည်း အမြဲတမ်းအဲဒီလိုလုပ်ကြပါတယ်။ ရေကူးသမားတွေက ရေကာမျက်မှန်ကို အခိုးအငွေ့ရိုက်တာကနေ ကာကွယ်ဖို့အတွက် မျက်မှန်အတွင်းထဲကို ကလေးခေါင်းလျှော်ရည်အသုံးပြုကြပါတယ်။

Ref: How to prevent your glasses from fogging up while you wear a mask

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top