မြေးဖြစ်သူကြောင့် အသက် ၉၀ အရွယ်မှာ ဓာတ်ပုံမော်ဒယ်ဖြစ်ခဲ့တဲ့ အဘိုးအို

10.8.23-yyl-8.jpg

စင်ကာပူနိုင်ငံက အဘိုးအိုတစ်ယောက်ဟာ သူ့မြေးဖြစ်သူ ဓာတ်ပုံဆရာ ဟိုဆောင်သီရဲ့အကူအညီနဲ့ မော်ဒယ်ဖြစ်လာခဲ့ပါတယ်။ ဟိုဆောင်သီရဲ့ပြောစကားအရ အသက် ၉၀ အရွယ်သူ့အဘိုး ဓာတ်ပုံမော်ဒယ်မလုပ်ခင်က TikTok ဘယ်လိုသုံးရမလဲသိပြီး သူ့ရဲ့ဓာတ်ပုံရိုက်ချက်တွေကို ကြည့်လေ့ရှိတယ်လို့ ဆိုပါတယ်။

သူ့အဘိုး ဓာတ်ပုံမော်ဒယ်ဖြစ်လာခဲ့တာကတော့ သူ ဓာတ်ပုံပြိုင်ပွဲမှာ ပါဝင်ရင်း သူ့အဘိုးပါတဲ့ ဓာတ်ပုံတွေရိုက်ရင် အဓိပ္ပာယ်ရှိမယ်လို့ စိတ်ကူးဖြစ်တာက စခဲ့တာပါ။ သူ့အဘိုးက Peaky Blinders စီးရီးကို YouTube ကနေ ကြည့်လေ့ရှိတဲ့အတွက် အဲဒီထဲက ဇာတ်ကောင်တွေရဲ့ဝတ်စားဆင်ယင်တဲ့ပုံစံကို ကြိုက်နှစ်သက်ခဲ့တာပါ၊။

သူ့အဘိုးကို အဲဒီစီးရီးထဲက Shelby Family လို ပုံစံမျိုးဝတ်ဆင်ပြီး ဓာတ်ပုံအရိုက်ခံဖို့ ပြောဖြစ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ Peaky Blinders အငွေ့အသက်ပါတဲ့ ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့ပါတယ်။ သူ့အဘိုးကို ဓာတ်ပုံရိုက်ပေးရတာက သိပ်မခက်ခဲပေမဲ့ ကြိုတင်ပြင်ဆင်မှုတွေတော့ လုပ်ခဲ့ရပါတယ်။ သူ့အဘိုးရဲ့အသက်အရွယ်ကို ထည့်တွက်ပြီး အရမ်းမပူအိုက်ခင် မနက်ခင်းမှာ ဓာတ်ပုံရိုက်ကူးဖို့ စီစဉ်ခဲ့ရတဲ့အပြင် လေဝင်လေထွက်ကောင်းတဲ့နေရာကိုလည်း ရွေးချယ်ခဲ့ရပါတယ်။ သူ့အဘိုး သက်တောင့်သက်သာဖြစ်စေဖို့ ခရီးဆောင်ပန်ကာနဲ့ အနားယူဖို့ ကုလားထိုင်ကိုလည်း ယူဆောင်ခဲ့ပါတယ်။

သူ့အဘိုး ဓာတ်ပုံရိုက်ကူးရာမှာ ဝတ်ဆင်တဲ့အဝတ်အစားတွေကို သူ့မိသားစုတွေ ပိုင်တာအပြင် ဆွေမျိုးတွေဆီက ငှားခဲ့တာပါ။ တချို့လိုအပ်တဲ့ပစ္စည်းတွေကိုတော့ Taobao ကနေ ဝယ်ယူခဲ့တာပါ။ သူ့အဘိုး အနားယူလို့ရဖို့ ဓာတ်ပုံတွေကို မြန်မြန်ရိုက်ခဲ့တဲ့အတွက် ဓာတ်ပုံရိုက်ကူးမှုက မိနစ် ၂၀ လောက်ပဲ အချိန်ယူခဲ့ရပါတယ်။

Ref: S’pore grandpa, 92, becomes model, does ‘Peaky Blinders’ shoot, grandson takes photos

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top