နှစ်စဉ်ဧည့်သည် ၁၇ သန်းရှိပြီး ကမ္ဘာ့အကျော်ကြားဆုံး တည်နေရာအဖြစ် သတ်မှတ်ခံလိုက်ရတဲ့ Burj Khalifa မိုးမျှော်တိုက်

10.8.23-yyl-7.jpg

Dubai, United Arab Emirates - July 5, 2019: Burj khalifa rising above Dubai mall and fountain surrounded by modern downtown buildings top view

ဒူဘိုင်းမြို့ရဲ့ အထင်ကရ Burj Khalifa မိုးမျှော်တိုက်ဟာ နှစ်စဉ်လာရောက်လည်ပတ်သူ ၁၇ သန်းအထိ ရှိနေပြီး ကမ္ဘာ့အကျော်ကြားဆုံး တည်နေရာအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သုတေသနဝက်ဘ်ဆိုက် Switch On Business က ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အကျော်ဒေးယျ တည်နေရာ ၁၅၀ ကျော်ရဲ့ ပျမ်းမျှ ဧည့်သည်အရေအတွက်နဲ့ အင်တာနက်ပေါ်က ရှာဖွေမှုတွေကို စစ်တမ်းကောက်ယူပြီး အခုလို ထုတ်ပြန်ခဲ့တာပါ။

Burj Khalifa မိုးမျှော်တာဝါဟာ အမြင့် ၈၂၈ မီတာ ( ) ရှိပြီး ပဲရစ်မြို့က အီဖယ်မျှော်စင်ထက် ၃ ဆ ပိုမြင့်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဂူဂဲလ်မှာ ရှာဖွေမှုအကြိမ်ရေ ၂၂ သန်းရှိပြီး လာရောက်လည်ပတ်သူ ၁၇ သန်းရှိတယ်လို့ ဆိုပါတယ်။ တစ်နှစ်ပျမ်းမျှ လက်မှတ်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၆၂၁ သန်းဝန်းကျင် ရရှိနေတာပါ။

အိန္ဒိယနိုင်ငံရဲ့ တာ့ဂျ်မဟာ သင်္ချိုင်းဂူကတော့ နှစ်စဉ် ဂူဂဲလ်မှာ ရှာဖွေမှု ၂၂ သန်းရှိပြီး လာရောက်လည်ပတ်သူ ၇.၅ သန်းဝန်းကျင် ရှိကာ ကမ္ဘာ့အကျော်ကြားဆုံး တည်နေရာစာရင်းမှာ ဒုတိယချိတ်ပါတယ်။ တတိယနေရာမှာရှိတဲ့ နိုင်ရာဂရာရေတံခွန်ကတော့ နှစ်စဉ် လာရောက်သူ ၁၃ သန်း၊ ဂူဂဲလ်ရှာဖွေမှု ၁.၂ သန်းကျော် ရှိပါတယ်။

Burj Khalifa ရဲ့ ကောင်းကင်ရှုခင်း ကြည့်ရှုခွင့် လက်မှတ်တစ်စောင်ဟာ ဒါဟမ်ငွေ ၈၀ ကနေ ၇၅၀ (အမေရိကန်ဒေါ်လာ ၂၁ ဒေါ်လာကနေ ဒေါ်လာ ၂၀၀) ကြား ပေးရပါတယ်။

Ref: Burj Khalifa, World’s most popular landmark

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top