စင်ကာပူနိုင်ငံရဲ့ တာဝေးအပြေးသမား အသက် ၃၃ နှစ်အရွယ် Soh Rui Yong ဟာ မာရသွန်ပြိုင်ပွဲမှာ အားကစားဝတ်စုံနဲ့ မဟုတ်ဘဲ အနောက်တိုင်းဝတ်စုံအပြည့်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ကာ အမြန်ဆုံးပြေးနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။ သူ ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့တာကို ဧပြီ ၂၇ ရက်စွဲနဲ့ “ကမ္ဘာ့မှတ်တမ်းကိုင်ဆောင်သူ”ဆိုပြီး ပို့စ်တင်ခဲ့တာပါ။
ပို့စ်မှာ သူ့ကို ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းလက်မှတ် ချီးမြှင်ခံရတာကို တွေ့ရပါတယ်။ သူဟာ ၂ နာရီ ၃၉ မိနစ် ၅၇ စက္ကန့်အတွင်း အနောက်တိုင်းဝတ်စုံအပြည့်နဲ့ London Marathon ပြိုင်ပွဲကို ပြီးမြောက်ခဲ့တာပါ။ သူဟာ Boss ဖက်ရှင်အမှတ်တံဆိပ်ဝတ်စုံကို ဝတ်ဆင်ခဲ့တာပါ။
Soh ဟာ ပြင်သစ်နိုင်ငံက အီမန်နျူရယ် ဘွန်နီယား ကိုင်ဆောင်ခဲ့တဲ့ စံချိန်ကို ချိုးခဲ့တာပါ။ အီမန်နျူရယ်က အနောက်တိုင်းဝတ်စုံအပြည့်နဲ့ ၂ နာရီ ၄၀ မိနစ် ၅၂ စက္ကန့်အတွင်း မာရသွန်ပြိုင်ပွဲကို ပြီးမြောက်ခဲ့တာပါ။ အဲ့ဒီစံချိန်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က ရရှိခဲ့တာပါ။
Soh ကတော့ နိုင်ငံအတွင်း စံချိန် ၁၂ ခု ချိုးခဲ့ပေမဲ့ ကမ္ဘာ့စံချိန်ချိုးတာကတော့ ဒါက ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။
Ref: S’porean Soh Rui Yong, 33, sets Guinness World Record for fastest marathon in full suit
WL (ရိုးရာလေး)