ထိုင်းနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို ဆေးဝါးအသုံးပြု သင်းကွပ်ဖို့ နီးစပ်လာ

14-7-2022-01.jpg

ထိုင်းနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို ဆေးဝါးအသုံးပြုပြီး သင်းကွပ်မယ့် ပြစ်ဒဏ်ချမှတ်နိုင်ဖို့ ပိုနီးစပ်လာပါပြီ။ အဲဒီဥပဒေကြမ်းဟာ ပြီးခဲ့တဲ့မတ်လက အောက်လွှတ်တော်ရဲ့ အတည်ပြုချက် ရရှိခဲ့ပြီး ပြီးခဲ့တဲ့တနင်္လာနေ့နှောင်းပိုင်းက အထက်လွှတ်တော် မဲခွဲမှုမှာ ထောက်ခံမဲ ၁၄၅ မဲ ရရှိခဲ့ပါတယ်။

အကျဉ်းဦးစီးဌာနရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ၂၀၁၃ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်ကြား ထိုင်းအကျဉ်းထောင်တွေကနေ ပြန်လည်လွတ်မြောက်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ၁၆၄၁၃ ဦး ရှိတဲ့အနက် ၄၈၄၈ ဦးက နောက်တစ်ကြိမ် ပြစ်မှုထပ်ကျူးလွန်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီဥပဒေကြမ်းအရ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့ဖူးပြီး နောက်တစ်ကြိမ် ကျူးလွန်နိုင်ဖွယ် ရှိသူတွေကို ထောင်ဒဏ်အပြည့်အဝ ကျခံမလား၊ တကယ်လို့ ထောင်ဒဏ်လျှော့ပေါ့စေချင်ရင် ဆေးဝါးအသုံးပြု သင်းကွပ်မှု ခံယူမလားဆိုတဲ့ ရွေးချယ်ခွင့် ပေးအပ်မှာပါ။

တကယ်လို့ ဆေးဝါးအသုံးပြု သင်းကွပ်မှု ခံယူမယ်ဆိုရင်တော့ ၁၀ နှစ်ကြာ စောင့်ကြည့်မှု ခံယူရမှာဖြစ်ပြီး အီလက်ထရောနစ် စောင့်ကြည့်ရေးလက်ပတ် ဝတ်ဆင်ရမှာပါ။ အဲဒီဥပဒေကြမ်းကို လွှတ်တော်မှာ ထပ်မံမဲခွဲဆုံးဖြတ်ရဦးမှာဖြစ်ပြီး ထိုင်းဘုရင်ရဲ့ လက်မှတ်ရေးထိုး အတည်ပြုမှု လိုအပ်ပါတယ်။ တကယ်လို့ အဲဒီဥပဒေကြမ်းကို အတည်ပြုနိုင်ရင် ထိုင်းနိုင်ငံဟာ ဆေးဝါးအသုံးပြု သင်းကွပ်တဲ့ လက်တစ်ဆုပ်စာနိုင်ငံများစာရင်း (ပိုလန်၊ တောင်ကိုရီးယား၊ ရုရှား၊ အက်စ်တိုးနီးယားနဲ့ အမေရိကန်ပြည်နယ်တချို့)မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

Ref:Thailand on verge of using voluntary chemical castration for sex offenders

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top