ပိုင်ဆိုင်မှုထဲက ဒေါ်လာ ၂၀ ဘီလျံ ထပ်မံလှူဒါန်းပေးမယ့် ဘီလ်ဂိတ်

14-7-2022-08.jpg

သူ့ရဲ့ပိုင်ဆိုင်မှုထဲက အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ကို Bill and Melinda Gates ဖောင်ဒေးရှင်းအတွက် ဘီလ်ဂိတ်က လွှဲပြောင်းပေးအပ်သွားမှာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ယူကရိန်းစစ်ပွဲ အစရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ Bill and Melinda Gates ဖောင်ဒေးရှင်းက အလှူငွေတွေ တိုးမြှင့်ပေးအပ်ဖို့ စီစဉ်နေပါတယ်။

Bill and Melinda Gates ဖောင်ဒေးရှင်းဟာ ကပ်ရောဂါမတိုင်မီကာလထက် ၅၀ ရာခိုင်နှုန်း တိုးမြှင့်လှူဒါန်းပေးဖို့ ရှိနေပြီး ၂၀၂၆ ခုနှစ်ကစလို့ နှစ်စဉ်နှစ်တိုင်း ဒေါ်လာ ၉ ဘီလျံ (ယခင်က တစ်နှစ်ကို ဒေါ်လာ ၆ ဘီလျံ လှူဒါန်းခဲ့) လှူဒါန်းပေးသွားမှာပါ။ အသားတင်ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၁၁၄ ဘီလျံရှိတဲ့ ဘီလ်ဂိတ်ဟာ Bloomberg ရဲ့ ဘီလျံနာ အညွှန်းကိန်းမှာ အဆင့်(၄) နေရာ ရပ်တည်နေပါတယ်။

” အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းကနေ ဆင်းပေးပြီး နောက်ဆုံးမှာ ဒီစာရင်းထဲ မပါတဲ့အထိ (ပုဂ္ဂလိကပိုင်ဆုငိမှုတွေကို) လျှော့ချသွားမှာပါ။ လူတွေရဲ့ နေ့စဉ်ဘဝအတွက် အထိရောက်ဆုံး သက်ရောက်မှုရှိအောင် ပံ့ပိုးပေးဖို့ ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုတွေကို လူ့အဖွဲ့အစည်းထံ ပြန်ပေးရမယ့်တာဝန်ရှိပါတယ်။ တခြားဓနရှင်ကြီးတွေလည်း အခုလို အခိုက်အတန့်မှာ တိုးမြှင့်လှူဒါန်းပေးကြဖို့ မျှော်လင့်ပါတယ်” လို့ ဘီလ်ဂိတ်က ဆိုခဲ့ပါတယ်။

Ref: Bill Gates funnels $20 billion to foundation and plans to drop off list of wealthiest people

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top