အခုနှစ်ကုန်မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတဲ့ Squid Game Season 2

24.1.24-yyl-1.jpg

ရုပ်ရှင်ချစ်ပရိသတ်တို့ မျှော်လင့်စောင့်ဆိုင်းနေတဲ့ Squid Game Season 2 ဟာ အခုနှစ်ထဲ ထွက်ရှိလာတော့မှာပါ။ Netflix ဟာ ‘Squid Game’ Season 2 ကို ၂၀၂၄ ခုနှစ်မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတယ်လို့ ဘဏ္ဍာရေးဆိုင်ရာရင်းနှီးမြုပ်နှံမှုပေးစာမှတစ်ဆင့်ကြေညာခဲ့တာကြောင့် Deadline လို နိုင်ငံခြားမီဒီယာသတင်းဌာနတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ “အရင်နှစ်က ဇာတ်လမ်းတချို့ထုတ်လွှင့်ဖို့ နောက်ဆုတ်ခဲ့ရပေမဲ့ ၂၀၂၄ ခုနှစ်အတွက် ထုတ်လွှင့်ဖို့စီစဉ်ထားပါတယ်။ Squid Game Season 2 က The Diplomat၊ Express Season 2၊ Bridgerton Season 3 တို့နဲ့အတူ ထွက်ရှိမှာပါ”လို့ ဖော်ပြထားပါတယ်။

Squid Game Season 1 ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့က Netflix ကတဆင့် ထုတ်လွှင့်ခဲ့ပြီး ကမ္ဘာ့တဝှမ်းအောင်မြင်မှုများစွာရရှိခဲ့ပါတယ်။ ထုတ်လွှင့်တဲ့ ပထမလေးပတ်အတွင်း ကြည့်ရှုမှုနာရီပေါင်း ၁.၆၅ ဘီလျံကျော်သွားခဲ့တာပါ။

အခုနှစ်ထဲ ထုတ်လွှင့်မယ့် Squid Game Season 2 မှာ လီဗြောင်ဟွန်းက Front Man အဖြစ် ပြန်လည်ပါဝင်မှာဖြစ်ပြီး ဝီဟာဂျွန်းက လူသတ်မှုစုံထောက် ဟွမ်ဂျွန်ဟိုအဖြစ် ပြန်လည်ပါဝင်မှာပါ။ မင်းသားဂုံယိုးလည်း ပြန်ပါဝင်လာမှာဖြစ်ပါတယ်။ အခြားနာမည်ကြီးမင်းသားတော်တော်များများလည်း Season 2 မှာ ပါဝင်ထားပါတယ်။

Ref: “Squid Game Season 2” scheduled to be released at the end of this year

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top