Golden Globes ဆုပေးပွဲသမိုင်းတစ်လျှောက် အကောင်းဆုံးဇာတ်ပို့ဆုရရှိတဲ့ပထမဆုံးကိုရီးယားမင်းသားဖြစ်လာတဲ့ Squid Game သရုပ်ဆောင်

10-2-2022-yyl6.jpg

ကိုရီးယားမင်းသားကြီး အိုယောင်ဆု (O Yeong Su) ဟာ Netflix ရုပ်သံဇာတ်လမ်းတွဲ “Squid Game” မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်နဲ့ အကောင်းဆုံးဇာတ်ပို့ဆုကို The Golden Globes ဆုပေးပွဲမှာ ဆွတ်ခူးသွားခဲ့ပါတယ်။

ဆုပေးပွဲစတင်ပြီး မကြာခင်မှာပဲ the Golden Globes က Squid Game ရုပ်သံဇာတ်လမ်းတွဲနဲ့ အကောင်းဆုံးဇာတ်ပို့ဆုရရှိသူအဖြစ် အိုယောင်ဆုကို ကြေညာပေးခဲ့ပါတယ်။ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ အိုယောင်ဆုဟာ Golden Globes ဆုပေးပွဲသမိုင်းတစ်လျှောက် အကောင်းဆုံးဇာတ်ပို့ဆုရရှိခဲ့တဲ့ ပထမဆုံးကိုရီးယားမင်းသားဖြစ်လာခဲ့ပါတယ်။

အိုယောင်ဆုက Squid Game ရုပ်သံဇာတ်လမ်းတွဲမှာ မသေခင် ပျော်စရာရှာချင်ခဲ့တဲ့ သာမန်အမျိုးသား အိုအီနမ် Player 001 အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ (၇၉) ကြိမ်မြောက် Golden Globes ဆုပေးပွဲကို ရုပ်ရှင်ဇာတ်ကားနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေက အနုပညာရှင်အတတ်ပညာရှင်တွေကို ဆုချီးမြှင့်ဖို့အတွက် လော့အိန်ဂျလိမြို့မှာ ဇန်နဝါရီ ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခုနှစ်ဆုပေးပွဲကိုတော့ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဖြစ်ပွားမှုများလာတာကြောင့် သီးသန့်ပွဲအနေနဲ့ ကျင်းပပြုလုပ်ခဲ့သလို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာမျိုးလည်း မရှိခဲ့ပါဘူး။

Ref: Allkpop “Squid Game’s O Yeong Su wins the Best Supporting Actor at the ‘Golden Globes 2022’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top