သမီးကို လက်တွဲဖော်ရှာတွေ့ဖို့ ကူညီတဲ့အနေနဲ့ Time Square မှာ ဘေလ်ဘုတ်ကြော်ငြာထောင်ပေးခဲ့တဲ့ မိခင်

10-2-2022-yyl8.jpg

ကင်ဆာရောဂါသည်မိခင်တစ်ဉီးက သူ့ရဲ့သမီးလေး လက်တွဲဖော်ရှာတွေ့ဖို့အတွက် နယူးယောက်မြို့လယ်ရဲ့ Times Square မှာ ဘေလ်ဘုတ်ကြော်ငြာအကြီးကြီးထောင်ပေးကာ ကူညီပေးခဲ့ပါတယ်။ ဘီသ် ဒါဗစ် (Beth Davis) အမည်ရတဲ့ အဲဒီမိခင်ဟာ ၂၀၀၄ခုနှစ်မှာ ရင်သားကင်ဆာရောဂါကို ခံစားခဲ့ရပေမဲ့ ဓာတုကုထုံးနဲ့ ကုသမှုခံယူခဲ့ပြီး သက်သာကောင်းမွန်နေခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၀ခုနှစစ် ဇွန်လမှာတော့ သူ့ရဲ့အရိုးတွေအထိ ကင်ဆာဆဲလ်တွေ ပျံ့နှံ့နေတဲ့ metastatic ရင်သားကင်ဆာ ထပ်ဖြစ်နေတယ်ဆိုတာ သိရှိခဲ့ရပါတယ်။

သူ့ရဲ့ခင်ပွန်း ရစ်ခ် နဲ့ သမီးလေး မော်လီတို့နဲ့ အတူနေရမယ့်အချိန် သိပ်မကျန်တော့ဘူးဆိုတာ သိတဲ့အတွက် အထူးသဖြင့် ကပ်ရောဂါအတွင်းမှာ လူငယ်တွေရဲ့လူမှုဆက်ဆံရေးဘဝတွေ ဘယ်လောက် အနှောင့်အယှက်ဖြစ်ခဲ့ရလဲဆိုတာ သိခဲ့အတွက် သူ့သမီးအတွက် မြှားနတ်မောင် လုပ်ပေးချင်စိတ်ဖြစ်လာခဲ့ပါတယ်။ ဘီသ်က သူ့သမီး မော်လီရဲ့သဘောတူညီချက်နဲ့ Wingman လို့ခေါ်တဲ့ အက်ပလီကေးရှင်းတစ်ခုမှာ မော်လီရဲ့ Dating Profile တစ်ခု ဖန်တီးပေးခဲ့ပါတယ်။

Wingman တည်ထောင်သူ တီနာ ဝီလ်ဆန် (Tina Wilson) က ဘီသ်နဲ့ မော်လီတို့ အကြောင်း ကြားသွားခဲ့တဲ့အချိန်မှာ ချစ်လှစွာသော မိခင် ဖန်တီးပေးထားတဲ့ မော်လီရဲ့ dating profile ကို ဘေလ်ဘုတ်ကြော်ငြာတစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး Times Square မှာ ပြသပေးခဲ့ပါတယ်။

သူ့သမီးလေး ပျော်ရွှင်တာကို မြင်ချင်တယ်။ ဒါပေမဲ့ မော်လီရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး သူ တိုက်တွန်းနေရင်း သင့်တော်တဲ့ တစ်စုံတစ်ယောက်ကို တွေ့ရင်တော့ သူ့ကို ပြောပြစေချင်တယ်လို့ ဘီသ်က ဆိုပါတယ်။ “မော်လီက ကျွန်မတို့နဲ့အတူ အချိန်တော်တော်ကြာကြာ အမြဲရှိပေးခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က ကျွန်မ ရောဂါခံစားရတဲ့အချိန် ကျွန်မရှိတဲ့ နယူးဇီလန် ကို ပြန်လာဖို့ ခွင့်ယူလာခဲ့ရတယ်။ ဒီကိုဗစ်ကာလအတွင်းမှာ မော်လီလို လူငယ်တော်တော်များများက သူ့ရဲ့လူမှုဆက်ဆံရေးဘဝတွေ အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။ ဒါကြောင့် သမီးလေးအတွက် ကောင်လေး ရှာပေးချင်ခဲ့တယ်” လို့ ဘီသ်က ပြောပါတယ်။

ဘီသ်က သူ့သမီးလေး မော်လီနဲ့ပတ်သက်ပြီးတော့လည်း “သမီးလေးက ကောင်းတဲ့လူတွေနဲ့ တွေ့ဆုံရတယ်။ သူနဲ့တွေ့တဲ့လူတိုင်းရဲ့ဘဝကိုလည်း ပိုကောင်းအောင် ကြိုးစားပေးတယ်။ တော်ပြီး ထက်မြက်သလို အရမ်းလည်း ရယ်စရာပြောတတ်တယ်။ အလုပ်ကြိုးစားတယ်။ ဒါပေမဲ့ အလုပ်နဲ့ အပျော်ရှာတာကို ဟန်ချက်ညီအောင် အမြဲကြိုးစားတယ်။ ကျွန်မ အဲဒါကို တကယ်အားကျတယ်” လို့လည်း ပြောပါတယ်။

မော်လီက သူ့မိခင်ရဲ့အားထုတ်မှုအတွက် စိတ်အနှောင့်အယှက်မဖြစ်သလို သူ့ရဲ့စံပြလက်တွဲဖော်က သူ့ကို ရယ်မောပျော်ရွှင်စေတဲ့၊ ဆက်ဆံရေးကောင်းတဲ့သူဖြစ်တယ်လို့လည်း ဆိုပါတယ်။

Ref: Ladbible “Mum Creates Billboard Ad In Times Square To Help Daughter Find Love”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top