ရိုးမားအသင်းနဲ့ နှစ် (၃၀) ကြာ ပတ်သက်မှုကို တော့တီ အဆုံးသတ်

64708059_2436397756391130_8869711274217308160_n.jpg

ရိုးမားဂန္တဝင်ကစားသမားဟောင်း တော့တီကတော့ အသင်းရဲ့နည်းစနစ်ဒါရိုက်တာရာထူးကနေ နုတ်ထွက်လိုက်ပါပြီ။ ရိုးမားတစ်သင်းတည်းမှာ (၂၅) နှစ်ကြာ ကစားခဲ့တဲ့ သစ္စာရှင် ဘောလုံးသမား တော့တီဟာ ကစားသမားဘဝမှာ (၇၈၅) ပွဲ ကစားပြီး (၃၀၇) ဂိုးသွင်းနိုင်ခဲ့တဲ့ အသင်းရဲ့ ဂန ္ထဝင်ကစားသမားပါ။ သူဟာ ၂၀၁၇ ခုနှစ်မှာ ဘောလုံးသမားဘဝကနေ အနားယူခဲ့ပြီး ရိုးမားအသင်း နည်းစနစ်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

သူက အသင်းအတွက် အများကြီးပေးဆပ်ချင်ပေမဲ့ ရိုးမားအသင်းပိုင်ရှင် ပါလော့တာက သူ့ကို လှုပ်ရှားလို့မရအောင် ဖယ်ကျဉ်ထားပြီး ဆုံးဖြတ်ချက်ချတိုင်း သူ့ကို ဘေးထုတ်ထားတယ်လို့ တော့တီက ပြောပါတယ်။ ရိုးမားအသင်းနဲ့ လမ်းခွဲရတာ သေလုနီးပါး ခံစားရတယ်၊ သေသွားတာကမှ ပိုကောင်းပါသေးတယ်။ ကျွန်တော့်အတွက် အရမ်းအကျည်းတန်ပြီး နာကျင်ရတဲ့နေ့ပါပဲ”လို့ တော့တီက ဆိုပါတယ်။ တော့တီဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ရိုးမားအသင်းနည်းစနစ်ဒါရိုက်တာရာထူးကနေ နုတ်ထွက်တယ်လို့ တရားဝင်ကြေညာခဲ့ပြီး အသင်းနဲ့ သူ့ကြားက နှစ် (၃၀) ကြာ ပတ်သက်မှုကို အဆုံးသတ်ခဲ့ပါတယ်။ ရိုးမားနဲ့ လမ်းခွဲခဲ့တဲ့ တော့တီကို ဖီအိုရင်တီးနား၊ ဆမ်ဒိုးရီးယားအသင်းတွေက ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top