ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စံချိန်တင်ဂိုးသွင်းရှင်ဖြစ်လာတဲ့ ဘရာဇီးတိုက်စစ်မှူး မာတာ

65001190_2436397643057808_7714829585191272448_n.jpg

အီတလီကို (ဝ-၁) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဘရာဇီးအတွက် ပင်နယ်တီကနေ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ အမျိုးသမီး ဘောလုံးသမား မာတာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စံချိန်တင်ဂိုးသွင်းရှင်ဖြစ်လာခဲ့ပါတယ်။ ပွဲချိန် (၇၄) မိနစ်မှာ သွင်းယူခဲ့တဲ့ ပင်နယ်တီဂိုးကြောင့် ဘရာဇီးဂန ္ထဝင် အမျိုးသမီး ကစားသမား မာတာဟာ ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ပွဲစဉ်တွေမှာ သွင်းဂိုး (၁၇) ဂိုးအထိ ရှိလာခဲ့ပါတယ်။ မာတာဟာ ဂျာမနီအမျိုးသားအသင်း တိုက်စစ်မှူး ကလိုဆေးရဲ့ (၁၆) ဂိုးစံချိန်ကို ချိုးဖျက်ပြီး အမျိုးသား/အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ရပ်လုံးမှာ စံချိန်တင်ဂိုးသွင်းရှင် ဖြစ်လာခဲ့တာပါ။ ဘရာဇီးဟာ အီတလီကို အနိုင်ရခဲ့လို့ အမှတ်တူ၊ ဂိုးကွာခြားချက်နဲ့ အုပ်စုအဆင့် (၃) နေရာပဲ ရပ်တည်နိုင်ခဲ့ပေမဲ့ အကောင်းဆုံး အုပ်စုတတိယအသင်းအဖြစ် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top