အားကစားလောကရဲ့ အဆိုးဆုံးဗီလိန်အဖြစ် ဆွာရက်ဇ် သတ်မှတ်ခံရ

65112712_2436397856391120_6450464021534474240_n.jpg

ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်ဟာ အားကစားလောကမှာ အဆိုးဆုံးဗီလိန်အဖြစ် မဲပေးသတ်မှတ်ခံခဲ့ရပါတယ်။ ESPN သတင်းဌာနရဲ့ Head in the Game အစီအစဉ်မှာ အားကစားလောကရဲ့ အဆိုးဆုံးဗီလိန်တွေကို မဲပေးရွေးချယ်ကြဖို့ တိုက်တွန်းခဲ့ပြီး အခုလို ဆုံးဖြတ်ခဲ့တာပါ။ ဆွာရက်ဇ်ဟာ ခြေစွမ်းကောင်းပေမဲ့ မကောင်းသတင်းတွေ ကျော်ကြားခဲ့သူပါ။ ဂါနာနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲမှာ ဂိုးဝင်တော့မယ့်ဘောလုံးကို လက်နဲ့ပုတ်ထုတ်ခဲ့တာ၊ မန်ယူနောက်ခံလူ အီဗရာကို လူမျိုးရေးခွဲခြားစော်ကားခဲ့တာ၊ ပီအက်စ်ဗွီကွင်းလယ်လူ ဘက်ကယ်၊ ချဲလ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်၊ အီတလီနောက်ခံလူ ချီလီနီကို ကိုက်ခဲ့တာ စတဲ့လုပ်ရပ်တွေကြောင့် နာမည်ကြီးခဲ့သူပါ။

ဆွာရက်ဇ်ဟာ ချီလီနီကို ကိုက်ခဲ့တဲ့ဖြစ်ရပ်ကြောင့် အစောပိုင်းမှာ (၉) လ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီပြစ်ဒဏ်က (၄) လအထိ လျော့ကျသွားခဲ့ပါတယ်။ အားကစားလောကရဲ့ အဆိုးဆုံးဗီလိန် (၁၀) ဦးစာရင်းမှာတော့ ဘောလုံးလောကနဲ့ ပတ်သက်သူတွေ လွှမ်းမိုးထားတာ တွေ့ရပါတယ်။ ဘောလုံးလူဆိုးလို့ နာမည်ကြီးတဲ့ အင်္ဂလန်ကစားသမား ဂျိုယေးဘာတန်က နံပါတ် (၂) နေရာ ရပ်တည်ခဲ့ပြီး ဟိုလီဖီးလ်ရဲ့ နားရွက်ကို ကိုက်ဖြတ်ခဲ့တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်က နံပါတ် (၃) နေရာမှာ ရှိနေပါတယ်။

မန်ယူနည်းပြဟောင်း မော်ရင်ဟိုက အဆင့်(၄)၊ အက်သလက်တီကိုတိုက်စစ်မှူး ဒီယေဂိုကော်စတာက အဆင့်(၅)၊ ပွဲတိုင်းနိုင် လက်ဝှေ့သမား မေဝယ်သာက အဆင်(၆)၊ ရီးရဲလ်နောက်ခံလူ ရာမို့စ်က အဆင့်(၇)၊ သြစတြေးလျ ခရစ်ကတ်ကစားသမား ဒေးဗစ်ဝါနာက အဆင့်(၈)၊ အာဂျင်တီးနားဂန္တဝင် ကစားသမားဟောင်း မာရာဒိုနာက အဆင့်(၉)၊ မန်ယူကွင်းလယ်လူဟောင်း ရွိုင်ကိန်းက အဆင့်(၁၀)နေရာမှာ ရပ်တည်ခဲ့ကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top