နိုင်ငံတစ်ဝန်းမှာ ပလတ်စတစ်အိတ် သုံးစွဲမှုကို တားမြစ်လိုက်တဲ့ နယူးဇီလန်

bag1.jpg

ကမ္ဘာတစ်ဝန်းမှာ တစ်ခါသုံး ပလတ်စတစ်အိတ် အသုံးပြုတဲ့ အရေအတွက်က ခန့်မှန်းခြေအရ (၁) ထရီလီယံ ရှိနေပြီလို့ သိရပါတယ်။ (၁ ) ထရီလီယံဆိုတာက (၁) ပြီးရင် သုည (၁၈) လုံးပါတဲ့ ပမာဏ ပါ။ ဆိုလိုချင်တာက မိနစ်တိုင်းမှာ ပလတ်စတစ်အိတ်ပေါင်း (၂ ) သန်းလောက်ကို စွန့်ပစ်နေတယ် ဆိုတာပါပဲ။ ဒီစွန့်ပစ် ပလတ်စတစ်အိတ်တွေက သဘာဝပတ်ဝန်းကျင်ထဲကို သူ့နည်းသူ့ဟန်နဲ့ သွားမယ့်လမ်းကြောင်းရှာပြီး ကုန်းနေရေနေ သတ္တဝါတွေကို ဒုက္ခပေးနေတာပါပဲ။

ပြီးခဲ့တဲ့ ၂၀၁၈ တစ်နှစ်လုံးမှာတော့ တစ်ခါသုံး ပလတ်စတစ်အိတ်တွေကို တားမြစ်ဖို့ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြပါတယ်။ မြို့ကြီးတွေနဲ့ ကုမ္ပဏီအချို့မှာလည်း တစ်ခါသုံး ပလတ်စတစ်ပိုက်တွေကို တားမြစ်ခဲ့ကြပြီး ပလတ်စတစ်ကင်းရှင်းတဲ့ ဈေးဝယ်ဆိုင်တွေ ဖွင့်လှစ်ခဲ့ကြပါတယ်။ ၂၀၁၈ ဩဂုတ်လ ၁၀ ရက်နေ့မှာတော့ နယူးဇီလန်နိုင်ငံက တစ်ခါသုံးပလတ်စတစ်ဆိုရင် ‘no’ ပါဆိုတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

စာနယ်ဇင်းရှင်းလင်းပွဲ တစ်ခုမှာတော့ နယူးဇီလန် ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်း (Jacinda Ardern) က တစ်ခါသုံးပလတ်စတစ်အိတ်သုံးစွဲမှုကို တရားဝင် တားမြစ်လိုက်ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပေးခဲ့ပါတယ်။

နိုင်ငံတစ်ဝန်းမှာရှိတဲ့ လက်လီအရောင်းဆိုင်တွေမှာ ပလတ်စတစ်အိတ်တွေကို မသုံးစွဲဖို့ ခြောက်လကြာ စီမံကိန်း နဲ့ စတင်ခဲ့ပြီး ထုတ်ပြန်ချက်ကို မလိုက်နာသူတွေက ဒဏ်ကြေးငွေ ဒေါ်လာ တစ်သိန်း ပေးဆောင်ရမှာပါ။

မြန်မာနိုင်ငံမှာလည်း သစ်ပင်စိုက်ဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေ လိုအပ်နေတဲ့အပြင် တစ်ဆက်တည်းမှာပဲ ပလတ်စတစ် အန္တရာယ်ကို ဆန့်ကျင်ကာကွယ်ဖို့လည်း လိုအပ်ပါတယ်။ ကုန်းနေ ရေနေသတ္တဝါတွေ အားလုံးကို ဒုက္ခဖြစ်စေမယ့် တစ်ခါသုံး ပလတ်စတစ် သုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချရင်း ရေမြေကမ္ဘာကို ကာကွယ်ကြရအောင်ပါ။ ရိုးရာလေး ပရိသတ်တွေရဲ့ ထင်မြင်ချက်ကိုလည်း မျှဝေသွားပေးပါဦး။

Reference: “Tentree “New Zealand Announces Nationwide Plastic Bag Ban”
Alice May

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top