Huawei Day 2019 ၏ စိတ်ဝင်စားဖွယ်ရာပရိုမိုးရှင်းအစီအစဉ်

Huawei-Day-A3_Final.jpg

Brand Z ရဲ့ Annual Top 100 Most Valuable Global Brands စာရင်းမှာ အဆင့် (၄၇)၊ Fortune 500 စာရင်းမှာ နံပါတ် (၆၁) နေရာလို တိုးတက်ကောင်းမွန်တဲ့ ရလဒ်ကောင်း များစွာနဲ့ စမတ်ဖုန်းလောကထဲမှာရပ်တည်နေတဲ့ Huawei ဟာ သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်သည့်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို စဉ်ဆက်မပြတ်ပေးအပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာဈေးကွက်များနည်းတူ မြန်မာပြည်ဈေးကွက်အတွင်းမှာလည်း သုံးစွဲသူတွေရဲ့ လူနေမှုဘဝတွေအတွက် ပထပ်ဆောင်းဝန်ဆောင်မှုတွေပေးအပ်ဖို့ စဉ်ဆက်မပြတ် လုပ်ကိုင်နေ ပါတယ်။ သုံးစွဲသူတွေအဖို့ ပေးရတဲ့ဈေးနှုန်းထက် ပိုတန်နေတဲ့ Huawei Y9 Prime 2019 အား နောက်ဆုံးမိတ်ဆက်ပေးထားပြီး မြန်မာနိုင်ငံက နာမည်ကြီး Esports association ဖြစ်တဲ့ Burmese Ghouls နဲ့လည်း တရားဝင်လက်တွဲထားပါပြီ။

အခု၂၀၁၉ သြဂုတ်လမှာလည်း စိတ်ဝင်စားစရာအစီအစဉ်များစွာပါဝင်တဲ့ Huawei Day အစီအစဉ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ လစဉ်တိုင်း ပြုလုပ်နေကျ Huawei Day အစီအစဉ်ကို သြဂုတ်လ (၁) ရက်နေ့ ကနေ သြဂုတ်လ (၁၀) ရက်နေ့အတွင်း ကျင်းပသွားမှာဖြစ်ပြီး အရင်လအစီအစဉ်တွေနဲ့မတူ လူအများစိတ်ဝင်စားစေမယ့် Cash Back အစီအစဉ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။

ဒီ Cash Back အစီအစဉ်မှာ

  • HUAWEI nova 3i ဝယ်ယူသူတွေကို (40,000) ကျပ်
  • HUAWEI Y9 2019 အား ဝယ်ယူသူတွေကို (40,000) ကျပ်
  • HUAWEI Y7 Pro 2019 (32GB Version) ဝယ်ယူသူတွေကို (30,000) ကျပ်
  • HUAWEI Y6 Pro 2019 ဝယ်ယူသူတွေကို (15,000) ကျပ်
  • HUAWEI Y5 2019 ဝယ်ယူသူတွေကို (6,000) ကျပ်
  • HUAWEI MediaPad T3 10 ဝယ်ယူသူတွေကို (16,000) ကျပ်
  • HUAWEI MediaPad T3 8 နှင့် T3 7 တို့ကိုဝယ်ယူသူတွေကို (10,000) ကျပ်

အသီးသီး ပြန်လည်ပေးအပ်သွားမယ်လို့သိရပါတယ်။

ဒါ့အပြင် Huawei Day အချိန်အတွင်း စမတ်ဖုန်းဝယ်ယူအားပေးသူကြသူတွေအနေနဲ့ Cash Back အစီအစဉ်အပြင် Huawei Watch GT (၁၄) လုံး၊ Water Cooler (၂၄) လုံးနဲ့ Red Cooking Pot အလုံး (၄၀) ကို ကံစမ်းခွင့်ရဦးမှာပါ။

နောက်ဆုံးစိတ်ဝင်စားဖွယ်ရာအစီအစဉ်ကတော့ Huawei စမတ်ဖုန်းဝယ်ယူသူတွေကို Free Bud Lite၊ Bluetooth Speaker နဲ့ Huawei Bag တွေ လက်ဆောင်ပေးအပ် သွားမှာ ဖြစ်ပြီး ကျပ် (၂) သိန်းဖိုးနဲ့အထက်ဝယ်ယူသူတွေကိုတော့ သတ်မှတ်ထားလက်ဆောင်တွေအပြင် Power Bank ကိုပါ လက်ဆောင်အဖြစ် ထပ်မံပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top