ခိုးယူခံရတဲ့ သားဖြစ်သူကို ၃၂ နှစ်အကြာမှာ ပြန်ဆုံစည်းခွင့်ရခဲ့တဲ့ မိဘနှစ်ဦး

22-5-2020-yyl-044.jpg

တရုတ်ဇနီးမောင်နှံနှစ်ဦးဟာ ဟိုတယ်ဝင်ပေါက်မှာ ခိုးယူခံခဲ့ရတဲ့ သားကို ၃၂ နှစ်အကြာမှာ ပြန်လည်ဆုံစည်းခွင့်ရခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ဖခင်ဖြစ်သူ မော်ကျန်းကျင်က နှစ်နှစ်အရွယ် သားငယ် မော်ယင်ကို က‌လေးထိန်းကျောင်းကနေ သွားကြိုခဲ့ပါတယ်။ မော်ယင်က ရေဆာတယ်ပြောလို့ သူ့အဖေက ဟိုတယ်ဝင်ပေါက်မှာ ရေသွားယူခဲ့ပြီး ရေနွေးက ပူနေလို့ အအေးခံနေရင်း တစ်ချက်ငေးမိချိန်မှာ ကလေးသူခိုးက မော်ယင်ကို ခိုးယူသွားခဲ့တာပါ။

မိဘနှစ်ပါးက မော်ယင်ကို တစ်နိုင်ငံလုံးအနှံ့ ရှာဖွေခဲ့ပြီး အမေဖြစ်သူ လီက ပြည်နယ်နဲ့ ဒေသ ၁၀ ခုကျော်မှာ လူပျောက်ကြေညာတဲ့ လက်ကမ်းစာစောင် ၁၀၀၀၀၀ ကျော် ဝေခဲ့ပေမဲ့ မော်ယင်ကို ပြန်မတွေ့ခဲ့ပါဘူး။ လီဟာ သူ့သားကို ပြန်တွေ့မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ The X Factor အပါအဝင် တရုတ်ရုပ်သံရှိုးတွေမှာ ပါဝင်ခဲ့ပေမဲ့ မထူးခြားခဲ့သလို ကလေးမွေးစားထားတယ်ဆိုတဲ့ သဲလွန်စပေးမှု ၃၀၀ နောက် လိုက်ခဲ့ပေမဲ့ သားကို မတွေ့ခဲ့ပါဘူး။

လီဟာ ၂၀၀၇ ခုနှစ်ကစပြီး Baby Come Back Home အဖွဲ့မှာ လုပ်အားပေးအဖြစ် ပါဝင်ခဲ့ပြီး မိဘနဲ့ကွဲကွာနေတဲ့ ကလေးငယ် ၂၉ ယောက်ကို သူတို့မိဘတွေနဲ့ ဆုံစည်းခွင့်ရအောင် ကူညီပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ဧပြီလမှာတော့ စီချွမ်ပြည်နယ်မှာနေတဲ့ အမျိုးသားတစ်ယောက်က နှစ်တော်တော်ကြာတုန်းက ကလေးတစ်ယောက် မွေးစားခဲ့ဖူးတယ်လို့ တရုတ်ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ပါတယ်။ မွေးစားခံရတဲ့ ကလေးငယ်ဟာ အခုချိန်မှာ အသက် ၃၄ နှစ်ရှိနေပြီဖြစ်လို့ လီရဲ့သား ဟုတ်၊ မဟုတ် DNA စစ်ဆေးကြည့်တော့ ဟုန်မှန်နေတာ တွေ့ရှိခဲ့တာပါ။ အခုအချိန်မှာ ဂူနင်နင်လို့ အမည်ပြောင်းထားတဲ့ မော်ယင်ဟာ အိမ်တွင်းအလှဆင်လုပ်ငန်းတစ်ခု တည်ထောင်ထားပါတယ်။ မော်ယင်ဟာ သူ့မိဘတွေဆီကနေ ခိုးယူခံရပြီးချိန်မှာ ကလေးမရှိတဲ့ လင်မယားနှစ်ယောက်ဆီကို ယွမ် ၆၀၀၀ နဲ့ ရောင်းစားခံခဲ့ရတာပါ။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top