သူ့ဝန်ထမ်းတွေဆီက အန်ပေါင်း လက်ခံခဲ့လို့ ဝေဖန်ခံခဲ့ရတဲ့ မင်းသားကြီး စတီဖင်ချောင်

16.2.24-yyl-1.jpg

အသက် ၆၁ နှစ်အရွယ် ဟောင်ကောင်မင်းသားကြီးစတီဖင်ချောင်ဟာ မကြာသေးခင်က အင်စတာဂရမ်ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာ စိတ်ရှည်စွာတန်းစီစောင့်ဆိုင်းနေတဲ့ ဝန်ထမ်းတွေဆီကနေ အနီရောင်စက္ကူအိတ်တွေ (အန်ပေါင်း) ကို လက်ခံခဲ့တာကို တွေ့ရပါတယ်။

ဒါပေမဲ့ ဒီအသက်အရွယ်မှာ ဝန်ထမ်းတွေဆီက အန်ပေါင်းတွေ လက်ခံနေတာက ထူးဆန်းတာကြောင့် အဲဒီဗီဒီယိုက လူမှုကွန်ယက်အသုံးပြုသူအများအပြားကို အမျိုးမျိုးပြောဆိုစေခဲ့ပါတယ်။ သူ့ဘက်မှာ ရပ်တည်ပြီး ပြောဆိုတဲ့ လူမှုကွန်ယက်အသုံးပြုသူတော်တော်များများလည်းရှိပါတယ်။ အခုလိုအလေ့အထက ကန်တုံလူမျိုးတွေအတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး အသက်အရွယ်မရွေး တစ်ကိုယ်ရည်သမားတွေ အန်ပေါင်းပေးခံရတာက ရိုးရာဓလေ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက ဆိုပါတယ်။

စတီဖင်ချောင်ကို အန်ပေါင်းပေးတဲ့သူတွေက အိမ်ထောင်သည်တွေဖြစ်မယ်လို့ လူအများက ထင်မြင်ခဲ့ပြီး အန်ပေါင်းပေးတော့လည်း တရိုတသေနဲ့ ပေးခဲ့တယ်လို့ ဆိုကြပါတယ်။ “ဒီအန်ပေါင်းတွေမှာ ပုံမှန်ဆို ယွမ် ၁၀ ကနေ ယွမ် ၅၀ ထိပါတယ်”လို့ လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။

“ဒါက သာမန်ပဲမဟုတ်ဘူးလား။ ကျွန်တော်ဆို နှစ်တိုင်း အိမ်ထောင်သည်လုပ်ဖော်ကိုင်ဖက်တွေဆီက အန်ပေါင်း ၁၀ ခုကျော်လောက် ရတယ်”လို့ အခြားလူမှုကွန်ယက်အသုံးပြုသူကလည်း ဆိုထားပါတယ်။ “စတီဖင်ချောင် တစ်ကိုယ်တည်းနေတဲ့အကြောင်းအရင်းကို ရှာတွေ့ပြီ”လို့လည်း လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက စနောက်ပြောဆိုထားပါသေးတယ်။

Ref: Stephen Chow, 61, Receives Ang Pows From Staff; Netizens Debate On Whether He Should Be Accepting Them

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top