ကျန်းမာရေးသတိပေးစာတွေပါတဲ့ ဆေးလိပ်

45488935_2184987904898503_7860452225183645696_n.jpg

ကနေဒါနိုင်ငံဟာ ဆေးလိပ်တွေပေါ်မှာ ကျန်းမာရေးသတိပေးစာ ရိုက်နှိပ်ပြီး ထုတ်လုပ်တဲ့ ကမ္ဘာ့ပထမဦးဆုံး နိုင်ငံဖြစ်လာပါပြီ။ ဆေးလိပ်ဗူးတွေရဲ့ အပြင်ဘက်ထုပ်ပိုးမှုတင် မဟုတ်ဘဲ ဆေးလိပ်တွေပေါ်မှာပါ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပညာပေးစာသားတွေ ရိုက်နှိပ်ဖို့ ကနေဒါအစိုးရဟာ ဥပဒေအသစ် ပြဌာန်းပြီး ဆေးလိပ်ကုမ္ပဏီတွေအပေါ် ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ ကင်ဆာဖြစ်စေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ အသိပညာပေး စာသားအမျိူးမျိုးကို ဆေးလိပ်တစ်လိပ်ချင်းစီတိုင်းမှာ ရိုက်နှိပ်ဖော်ပြပေးရတာပါ။ အခုလို တိုက်ရိုက်မြင်တွေ့ရတဲ့ ဖော်ပြမှုတွေကြောင့် အသုံးပြုမှုတွေ လျော့နည်းလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရားမဝင်ဈေးကွက်မှာ ဆေးလိပ် ထုတ်လုပ်ရောင်းချနေမှုတွေကိုလည်း ထိန်းချုပ်ဖို့ ပိုမိုလွယ်ကူလာစေမယ်လို့ ကနေဒါအစိုးရက မျှော်လင့်နေပါတယ်။ တရားမဝင်ဆေးလိပ်နဲ့ ဆက်စပ်ပစ္စည်းတွေ တင်သွင်းနေတဲ့ ပြဿနာဟာ ကနေဒါနိုင်ငံအတွက် အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာတစ်ခု ဖြစ်နေတာပါ။

ဆေးလိပ်ပေါင်း အလိပ်၂၀၀ ပါဝင်တဲ့ တစ်ကာတွန်း ဝယ်တိုင်း ဆေးလိပ်ဖိုးအပြင် နောက်ထပ် အခွန်အနေနဲ့ ဒေါ်လာ ၇၀ ကနေ ဒေါ်လာ ၁၁၀ ကြား အစိုးရကို ပေးဆောင်ရမှာ ဖြစ်ပေမယ့် ဒီဆေးလိပ် ပမာဏကို တရားမဝင်ဈေးကွက်မှာဝယ်ယူရင်တော့ အခွန်လည်းမရှိသလို စုစုပေါင်း ဒေါ်လာ ၂၀ ပဲကျသင့်မှာ ဖြစ်ပါတယ်။ ကနေဒါအစိုးရဟာ တရားမဝင် ဆေးလိပ်ဈေးကွက်တစ်ခုတည်းကနေ နှစ်စဉ် ဒေါ်လာ ၁၀ သန်းလောက် အခွန်အခတွေမရဘဲ နစ်နာနေရတယ်လို့ ဆိုပါတယ်။

Ref: Daily Mail “Canada may be the first country to put warning labels on each individual cigarette”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top