ပျောက်ဆုံးသွားတဲ့ ခွေးလေးကို အိမ်ကနေ ၁ မိုင်ဝေးတဲ့ ဘားဆိုင်ကနေ ပြန်တွေ့

15.2.24-yyl-5.jpg

သခင်ကတော့ သူ့ခွေး ပျောက်သွားလို့ စိတ်ပူနေတာ။ ဟိုဟိုဒီဒီ လိုက်ရှာတော့လည်း မတွေ့ဘူး။ သူ့ခွေးလေးနဲ့ ပြန်ဆုံရပါ့မလားလို့ တွေးပြီး ငိုမိသေးတယ်။ ပြီးတော့ လူမှုကွန်ရက်မှာ သူ့ခွေးလေးပုံကို တင်ပြီး အိမ်ကနေ ပျောက်သွားလို့ တွေ့ရင် အကြောင်းကြားပေးပါဦးဆိုပြီး အကူအညီတောင်းတယ်။ ခဏကြာတော့ သူ့ဆီ မက်ဆေ့တစ်စောင် ဝင်လာတယ်။ သူ့မှာ ငိုနေရာကနေ ထရယ်မိရော။ သူ့ခွေးက ဘား ရောက်နေတာတဲ့။

ခွေးလေးက ၁၆ နှစ်အရွယ် ရှီဇူးအမျိုးအစား။ သူ့နာမည်က ဘဲလ်တဲ့။ သူ့သခင်ကတော့ အမေရိကန်နိုင်ငံ ဝစ္စကိုဆင်ပြည်နယ်၊ မစ်ဝေါ်ကီမြို့မှာ နေထိုင်တဲ့ ဂျင်နီဟာဇက်ပါ။ ခွေးလေး ဘဲလ်ကို သူ့အိမ်ကနေ တစ်မိုင်လောက်ဝေးတဲ့ ဘားကနေ ပြန်တွေ့ခဲ့တာပါ။ မိန်းကလေးတစ်စုက ခွေးလေး ဘဲလ်ကို လမ်းမှာတွေ့လို့ ချစ်စရာကောင်းတယ်ဆိုပြီး ပွေ့ချီလာခဲ့တာကြောင့် သူတို့နဲ့အတူ ဘားကို ပါလာတာပါ။

Ref: Woman Finds Her Missing Dog Enjoying A Night Out At The Local Bar

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top