ပြိုင်ပွဲရှိနေလို့ ရှိုးပွဲမ​ကြည့်ဖြစ်ခဲ့တဲ့ ယူကရိန်းတင်းနစ်မယ်ကို ဟယ်ရီစတိုင်က ရှိုးပွဲကို ဖိတ်ကြား

12.7.23-yyl-2.jpg

ယူကရိန်းတင်းနစ်မယ် အက်လီနာ ဆာဗီတိုလီနာက ဝင်ဘယ်လ်ဒမ် ချန်ပီယံရှစ်ပ်တင်းနစ်ပြိုင်ပွဲရဲ့ ကွာတာဖိုင်နယ်မှာ ယှဉ်ပြိုင်နေတာပါ။ အခုလိုယှဉ်ပြိုင်နေရတဲ့အတွက် သူ ကြည့်ချင်တဲ့ ဟယ်ရီစတိုင်ရဲ့ရှိုးပွဲကို လက်လွှတ်ခဲ့ရပါတယ်။ သူ ကြည့်ဖို့လုပ်ထားတဲ့ ဟယ်ရီစတိုင်ရှိုးပွဲလက်မှတ်တွေကိုလည်း အခြားသူတွေကို အလကားပေးဖြစ်ခဲ့ပါတယ်။

အက်လီနာ ပြောချင်တဲ့အရာကို ဝင်ဘယ်လ်ဒမ်အင်စတာဂရမ်အကောင့်က တင်ပေးခဲ့ပါတယ်။ “ဟေး… မနက်ဖြန် ကျွန်မရဲ့အကြိုက်နှစ်သက်ဆုံး ဟယ်ရီစတိုင်ဖျော်ဖြေပွဲကို သွားကြည့်ဖို့လုပ်ထားခဲ့တာပါ။ ဒါပေမဲ့ ဝင်ဘယ်လ်ဒမ်က ကျွန်မရဲ့အစီအစဉ်ကို ပြောင်းပစ်ခဲ့တယ်။ တစ်စုံတစ်ယောက်သွားချင်လား။ ကျွန်မမှာ လက်မှတ် ၂ စောင်ရှိတယ်”လို့ ပြောထားတာပါ။

အဲဒီပို့စ်ရဲ့Caption မှာတော့ “တချို့ကို နိုင်ရင် တချို့ကို ဆုံးရှုံးရတယ်။ အက်လီနာက တနင်္ဂနွေနေ့ရဲ့ဖျော်ဖြေပွဲကို မသွားနိုင်ခဲ့ပေမဲ့ ဘီလာရုဇ်ကစားသမား ဗစ်တိုးရီးယား အာဇာရန်ကာကို အနိုင်ရခဲ့ပြီး နံပါတ် ၁ ကစားသမား အီဂါ စဝီယာတတ်နဲ့ ဆက်လက်ယှဉ်ပြိုင်ရတော့မှာပါ”လို့ ရေးသားထားပါတယ်။

ဖျော်ဖြေပွဲအကြောင်း ဝင်ဘယ်လ်ဒမ်နဲ့ အက်လီနာရဲ့ပို့စ်က ဟယ်ရီစတိုင်ကို သတိထားမိသွားစေခဲ့ပါတယ်။ ဟယ်ရီစတိုင်က အဲဒီပို့စ်မှာ “ဂုဏ်ယူပါတယ်… ရှိုး ၄ ပွဲ ရှိပါသေးတယ်။ ဘယ်ပွဲဖြစ်ဖြစ် မင်းကို ကြိုဆိုပါတယ်။ ကျန်တဲ့ပြိုင်ပွဲတွေမှာ ကံကောင်းပါစေ”လို့ ကွန်မန့်ချန်ထားပြီး သူ့ရဲ့ရှိုးပွဲကို ဖိတ်ကြားခဲ့ပါတယ်။

ဟယ်ရီစတိုင်က ဇူလိုင် ၁၂ ရက်နေ့ကျ ဘာစီလိုနာမှာ၊ ဇူလိုင် ၁၄ ရက်နေ့ကျ မဒရစ်မြို့မှာ၊ ဇူလိုင်လ ၁၈ ရက်နေ့ကျ ပေါ်တူကီမှာ၊ ဇူလိုင် ၂၂ ရက်နေ့ကျ အီတလီမှာ ဖျော်ဖြေသွားမှာပါ။ ဝင်ဘယ်လ်ဒမ် ချန်ပီယံရှစ်ပ်တင်းနစ်ပြိုင်ပွဲက ဇူလိုင်လ ၁၆ ရက်နေ့ပြီးမှာဖြစ်တဲ့အတွက် အက်လီနာက ဟယ်ရီစတိုင်ရဲ့ဖိတ်ကြားချက်ကို လက်ခံပြီး ဖျော်ဖြေပွဲတစ်ခုကို လာကြည့်ဖို့ မျှော်လင့်ရပါတယ်။

အက်လီနာ ဆာဗီတိုလီနာက အမျိုးသားတင်းနစ်ကစားသမားတွေထဲမှာ နံပါတ် ၇၉ နေရာမှာ ရပ်တည်နေပေမဲ့ ဝင်ဘယ်လ်ဒမ် ချန်ပီယံရှစ်ပ်မှာ အမေရိကန်ကစားသမား၊ ဘယ်လ်ဂျီယမ်ကစားသမား၊ ဘီလာရုဇ်ကစားသမားတွေကို အနိုင်ယူခဲ့တာပါ။

Ref: Ukraine’s Elina Svitolina missed a Harry Styles show to play Wimbledon. Now, Styles has an invitation for her

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top