စံချိန်တင် ထီဆုကြီးကို ရောင်းချပေးခဲ့တဲ့ စတိုးဆိုင်ပိုင်ရှင် ဒေါ်လာ ၁ သန်း ရရှိ

10-11-2022yyl54.jpg

ကမ္ဘာ့စံချိန်တင် အမြင့်ဆုံးထီဆုကြေးဖြစ်ခဲ့တဲ့ အမေရိကန် Powerball အလယ်ပုံ ထီဆုကြီးရဲ့ ပေါက်မဲလက်မှတ်ကို ရောင်းချပေးနိုင်ခဲ့တဲ့ စတိုးဆိုင်ပိုင်ရှင်ဟာ ဒေါ်လာ ၁ သန်း ဆုချီးမြှင့်ခံခဲ့ရပါတယ်။

ဂျိုးဆက်ချာဟာယတ်ဟာ ၁၉၈၀ ပြည့်နှစ်တစ်ဝိုက်က ဆီးရီးယားကနေ အမေရိကန်ကို ပြောင်းရွှေ့နေထိုင်ခဲ့သူဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ အယ်တာဒီနာမြို့မှာ စတိုးဆိုင်ဖွင့်ထားသူပါ။

ဒီတစ်ပတ်အတွက် အမေရိကန် Powerball အလယ်ပုံ ထီဆုကြေးက အမေရိကန်ဒေါ်လာ ၂.၀၄ ဘီလျံအထိ ရှိခဲ့ပြီး ကမ္ဘာပေါ်မှာ အများဆုံး ထီဆုကြေးအဖြစ် စံချိန်တင်ခဲ့တာပါ။ ဒီလက်မှတ်ကို ဘယ်သူဝယ်ခဲ့လဲဆိုတာ မသိဘူးလို့ ချာဟာယတ်က ဆိုပါတယ်။ ချာဟာယတ်ဟာ ဒေါ်လာ ၁ သန်း ဆုချီးမြှင့်ခံခဲ့ရမှာ ဖြစ်ပေမဲ့ အနားယူဖို့ မရှိသေးဘဲ ထုံးစံအတိုင်း မနက် ၆ နာရီထိုးတာနဲ့ ဆိုင်ဖွင့်ပြီး အလုပ်ဆက်လုပ်သွားဦးမှာပါ။

” ကျွန်တော့်ချွေးမက ၂ လလောက်အတွင်း မီးဖွားဖို့ရှိတယ်။ ဒီတော့ အားလုံး စိတ်လှုပ်ရှားနေကြတာပေါ့။ နောက်ကလေးတစ်ယောက်အတွက်လည်း အောင်ပွဲခံရကောင်း ခံရနိုင်တာပေါ့။ ကျွန်တော်ကတော့ ၁ ပတ်၊ ၇ ရက် အလုပ်ဆက်လုပ်သွားဦးမှာပါ” လို့ ချာဟာယတ်က ဆိုပါတယ်။

အလယ်ပုံ ထီဆုကြီးပေါက်သူဟာ တစ်လုံးတစ်ခဲတည်း ယူမယ်ဆိုရင် အခွန်မဆောင်မီ ဒေါ်လာ ၉၉၇.၆ သန်း ရရှိမှာဖြစ်ပြီး ၂.၀၄ ဘီလျံလုံး အပြည့်ယူမယ်ဆိုရင်တော့ ၂၉ နှစ်တိုင်တိုင် နှစ်စဉ်ငွေ ရရှိမှာပါ။

Ref:Powerball: Store owner who sold record US Powerball ticket gets $1m bonus

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top