ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ဝူဟန်မြို့မှာ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိသူ ၁၁ ယောက် ထပ်မံတွေ့ရှိ

15-5-2020-yyl-030.jpg

ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ဝူဟန်မြို့မှာ မေလ ၁၅ ရက်က ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနေသူ ၁၁ ယောက် ထပ်တွေ့ခဲ့တယ်လို့ ဝူဟန်မြို့ မြူနီစီပယ်ကျန်းမာရေးကော်မရှင်က ပြောပါတယ်။ ဝူဟန်မြို့ရဲ့ ခရိုင်တော်တော်များများကနေ ရောဂါပိုးရှိသူတွေ တွေ့ရှိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သိပ်မကြာသေးခင်အချိန်အတွင်း တွေ့ရှိခဲ့တဲ့ ဒေသတွင်း ကူးစက်မှုတွေ ပျံ့နှံ့မသွားအောင် တားဆီးနိုင်ဖို့ ရည်ရွယ်ပြီး ဝူဟန်မြို့မှာ နေထိုင်သူ ၁၁ သန်းလုံးကို နျူကလစ်အက်ဆစ် စစ်ဆေးမှု ပြုလုပ်လျက်ရှိပါတယ်။ မေလ ၁၃ ရက် တစ်ရက်တည်းမှာ ဝူဟန်မြို့ခံ ၁၃၆၇၀၂၆ ယောက်ကို နျူကလစ်အက်ဆစ် စစ်ဆေးမှု လုပ်နိုင်ခဲ့ပါတယ်။ မေလ ၁၃ ရက်က ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနေသူ ၅၅၉ ယောက်ကို စောင့်ကြပ်ကြည့်ရှုကုသပေးနေပါတယ်။ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၅၀၀၀၀ ကျော်ရှိပြီး လူ ၃၈၆၉ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top