၁၁ နာရီကြာ လေယာဉ်ခရီးစဉ်မှာ လေယာဉ်ဘီးအုံထဲ ခိုးလိုက်လာသူကို အသက်ရှင်လျက် တွေ့ရှိ

24-2-2022-yyl1.jpg

တောင်အာဖရိကနိုင်ငံကနေ နယ်သာလန်ကို ပျံသန်းလာတဲ့ လေယာဉ်ရဲ့ ဘီးအုံထဲမှာ ခိုးလိုက်လာသူတစ်ယောက်ကို အသက်ရှင်လျက် တွေ့ရှိခဲ့ပါတယ်။ ဂျိုဟန်နက်စ်ဘတ်မြို့ကနေ အမ်စတာဒမ်ကို ပျံသန်းတဲ့ လေကြောင်းခရီးစဉ်ဟာ ၁၁ နာရီကြာမြင့်ပြီး အဲဒီကုန်တင်လေယာဉ်ဟာ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာ တစ်ထောက်နားခဲ့ဖွယ်ရှိပါတယ်။

ပျံသန်းချိန် ကြာမြင့်လွန်းတဲ့ ခရီးစဉ်မှာ လေယာဉ်ဘီးအုံထဲ ခိုးလိုက်လာသူကို အသက်ရှင်လျက် တွေ့ရတာကတော့ အင်မတန်ထူးခြားတဲ့ကိစ္စပါ။ အမြင့်ပေ များလွန်းလို့ အောက်ဆီဂျင်နည်းပြီး အအေးဒဏ်ကြောင့် အသက်ရှင်နိုင်ဖို့ ခက်ခဲပါတယ်။ အဲဒီအမျိုးသားက ဘယ်နိုင်ငံသားလဲ၊ အသက်ဘယ်အရွယ် ရှိပြီလဲ၊ တောင်အာဖရိကကတည်းက လိုက်လာတာလား၊ ကင်ညာနိုင်ငံရောက်မှ လိုက်လာတာလားဆိုတာကို မသိရသေးပါဘူး။

” အဲဒီအမျိုးသားကို လေယာဉ်ရှေ့ဘီးအုံထဲကနေ အသက်ရှင်လျက် တွေ့ရတာပါ။ သူ့ကို ဆေးရုံပို့ခဲ့ပေမဲ့ ကျန်းမာရေးအခြေအနေ မစိုးရိမ်ရပါဘူး။ သူ့ကို အသက်ရှင်လျက် တွေ့ရတာကတော့ တော်တော်အံ့အားသင့်စရာကောင်းတဲ့ဖြစ်ရပ်ပါပဲ” လို့ နယ်သာလန်တော်ဝင်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျိုအန်နာဟဲမွန်က ပြောပါတယ်။

Ref: BBC “Stowaway found in South Africa plane wheel at Amsterdam airport”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top