စိတ်ဖိစီးမှု (Stress)

yyl-01၃.jpg

စိတ်ဖိစီးမှုဆိုတာ ဘာလဲ

စိတ်ဖိစီးမှုဆိုတာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့စိတ်ခံစားမှုတစ်ခုလို့ ပြောနိုင်ပေမဲ့ တစ်ခါတရံတော့ အန္တရာယ် ဖြစ်နိုင်တဲ့ အခြေအနေ တစ်ခုထိပြောင်းလဲသွားနိုင်ပါတယ်။ တစ်နည်းအားဖြင့် စိတ်ဖိစီးမှုဆိုတာ သင်ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်းမှုတွေ၊ ဖိအားတွေ အပေါ်မှာ သင့်ခန္ဓာကိုယ် က တုန့်ပြန် တဲ့ အရာတစ်ခုပါ။ ဖိအားတစ်ခုနဲ့ ကြုံတွေ့လာရပြီဆိုရင် သင့် ရဲ့ ဦးနှောက်အဖွဲ့အစည်းက stress ဟော်မုန်းထွက်လာပါတယ် ။ stress ဟော်မုန်းမှာ adrenaline နဲ့ cortisol ဆိုတဲ့ ဟော်မုန်းနှစ်မျိုးပါပါတယ်။

Stress ဟော်မုန်းထွက်လာရင်တော့ သင့်ရဲ့ နှလုံးခုန်မြန်လာမယ်၊ ကြွက်သားတွေတင်းရင်းလာမယ်၊ သွေးပေါင်တက်လာမယ် ၊ အသက်ရှူမြန်လာမယ် ၊ စိတ်ဆတ် လာမယ် စတာတွေဖြစ်နိုင်ပါတယ် ။ ဒါကို ‘ fight or flight ‘လို့ ခေါ်တဲ့’ ရင်ဆိုင်မလား၊ ထွက်ပြေးမလား ‘ တုံ့ပြန်မှုလို့ခေါ်တယ်။ စိတ်ဖိစီးမှုရဲ့ တုံ့ပြန်မှုတစ်မျိုးပေါ့ ။

စိတ်ဖိစီး မှု ဆိုတာ ယာယီ ခေတ္တ အခြေအနေမျိုးမှာတော့ သင့်ကို ခွန်အားအကြီးကြီးတွေပေးနိုင်ပါတယ်။ ဥပမာပြောရမယ် ဆိုရင် accident တစ်ခုဖြစ်မလာအောင်ကာကွယ်ဖို့ ကားဘရိတ်ကို ချက်ချင်းနင်း လိုက်တာမျိုးပေါ့ ။ စိတ်ဖိစီးမှုဟာစိန်ခေါ်မှုပေါင်းများစွာကိုလည်း ပြုလုပ်ပေးနိုင်ပါတယ် ။ သင့်အလုပ် ကိုလည်း အာရုံပို စိုက်နိုင်စေပါတယ် ။ သင် TV ကြည့်နေရင်းတောင်မှ ချက်ချင်းဆိုသလို စာကျက်ချင်စိတ် စာကြိုးစားချင်စိတ်ပေါ်လာနိုင်ပါသေးတယ် ။ ဒါပေမယ့် စိတ်ဖိစီးမှုဟာ ခဏခဏ ဖြစ်လာရင် သင့် အတွက်မကောင်းတော့ပါဘူး။စိတ်ရောဂါအခြေအနေတွေ ( စိတ်ကျခြင်း ၊ စိတ် အလွန်အမင်းပူပန် တတ် ခြင်း) ၊ နှလုံးရောဂါ ၊ သွေးတိုးရောဂါနဲ့ အူလမ်းကြောင်းပြဿနာ တွေပါ ခံစားလာရနိုင်ပါတယ်။

စိတ်ဖိစီးမှုကို လူအများစု ကြုံတွေ့ ရတတ်သလား

ကြုံတွေ့ရတတ်ပါတယ် ။ အသက်အရွယ်မရွေးပါ ။ စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာတွေကိုရှောင်သင့်ပါတယ် ။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ ။

စိတ်ဖိစီးမှုရဲ့ လက္ခဏာတွေက ဘာတွေလဲ

  • ရုပ်ပိုင်းဆိုင်ရာ ၊စိတ်ပိုင်း ဆိုင်ရာ နဲ့ အပြုအမူ ပိုင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
  • စိတ်တိုလွယ်မယ် ၊ မဝံ့မရဲဖြစ်လာမယ် ၊စိတ်ခံစားလွယ်မယ်
  • သင့်စိတ် ကိုထိန်းချုပ်ဖို့ခက်ခဲလာမယ်
  • သင့်စိတ်တည်ငြိမ်အောင် ကြိုးစားဖို့ ခက်ခဲလာမယ်
  • သင့်ကိုသင် တန်ဖိုးမထားတောဘူး ၊ အထီး ကျန်လာမယ် ၊ စိတ်ကျလာမယ်
  • တခြားသူတွေကိုရှောင်လာမယ် ၊ မတွေ့ချင်တော့ဘူး
  • အင်အားချည့်နဲ့ လာမယ်
  • ခေါင်းကိုက်လာမယ် ၊ အစာအိမ် မသက်မသာဖြစ်မယ် ၊ ကိုက်ခဲ နာကျင်မယ်
  • စိတ်ကစဥ့်ကလျားဖြစ်မယ် ၊စိတ်ပူပန်မယ်
  • အာရုံမစိုက်နိုင်တော့ဘူး၊
  • ဆုံးဖြတ်နိုင်စွမ်းလျော့နည်းလာမယ်
  • အရာရာကို အကောင်းမမြင်တော့ဘူး
  • ခံတွင်းပျက်လာမယ်
  • စိတ်အာရုံတွေရှုပ်ထွေးလာမယ်

အစရှိတာတွေကို ခံစားလာရနိုင်ပါတယ် ။ ဒီလိုခံစား လာရပြီဆိုရင်တော့ ဆရာဝန်အမြန်ဆုံး တိုင်ပင် ကုသသင့်နေပါပြီနော်။

ဘယ်အချိန်မှာဆရာဝန်နဲ့သွားရောက် တိုင်ပင်သင့်ပါသလဲ

စိတ်ဖိစီးမှုကို ကြာရှည်စွာခံစားနေရရင်ပေါ့

  • စိတ်ကျမယ် ၊စိတ်ပူပန်မယ်၊ လူမှု ဆက်ဆံရေးမှာ အခက်အခဲတွေရှိလာမယ် ။
  • လိင်ပိုင်းဆိုင်ရာ ပြသနာတွေရှိလာမယ်
  • အရေပြားပြဿနာတွေဖြစ်တဲ့ ဝက်ခြံ၊psoriasis (ဆိုရီရေးစစ်)လို့ခေါ်တဲ့ နီမြန်းတဲ့ အဖု အပိန့် တွေ နဲ့ နှင်းခူရောဂါတွေ ခံစားလာရမယ်
    ဆံပင်ကျွတ်မယ် ၊ အစာအိမ်နာမယ် ၊ မူးဝေအော့အန်မယ် ၊ဝမ်းချုပ် ဝမ်းလျှောမယ် အစရှိတာတွေ ခံစားလာရပြီဆိုရင်တော့ နီး စပ်ရာ ကျန်းမာရေး ဌာန သို့ သွားရောက်ကုသသင့်ပါပြီ။

ဘာတွေက စိတ်ဖိစီးမှုကိုဖြစ်စေတာလဲ

Stress ဖြစ်စေတဲ့ အရာတွေကို Stressors လို့ခေါ်ပါတယ် ။ ခန္ဓာကိုယ် ပြင်ပ က အရာတွေရှိနိုင် သလို အတွင်းထဲက အရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ တခါတရံ ထိခိုက်မှု တစ်စုံတစ်ခု ရဲ့ နောက်ဆက်တွဲ အနေနဲ့ လည်း stress ဆိုတာ ဖြစ်ပေါ်လာနိုင်ပါသေးတယ် ။

ခန္တာကိုယ်ပြင်ပကအရာတွေကတော့

  • ဘဝ အခြေအနေ ကြီးကြီးမားမား ပြောင်းလဲမှုတွေ
  • အလုပ် သို့မဟုတ် ကျောင်းမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ
  • အချစ်ရေးမပြေလည်မှု
  • စီးပွားရေး အကြပ်အတည်းတွေ
  • အလုပ်အရမ်းရှုပ်တာတွေ
  • ကလေး နဲ့ မိသားစု ပြဿနာ တွေပဲဖြစ်ပါတယ်

ခန္ဓာကိုယ် အတွင်းက စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာတွေကတော့

နာတာရှည် ရောဂါတွေ ( နှလုံးရောဂါ ၊ဆီးချို နဲ့ အဆစ်အမြစ်ရောင် ရောဂါ)

စိတ်ခံစားမှု အခြေအနေတွေ ( စိတ်ကျ ခြင်း ၊ ဝမ်းနည်းလွယ်ခြင်း ၊ မိမိကိုယ်ကို အပြစ်ရှိသူ တစ်ယောက်လို ခံစားရခြင်း နဲ့ မိမိကိုယ်ကိုယုံကြည်မှု နည်းပါးခြင်း၊ မကောင်းမြင်စိတ်များခြင်း ၊ ယုတ္တိမရှိတဲ့ အရာများကိုစိတ်ကူးယဉ်ခြင်း နဲ့ အလျော့အတင်းမရှိဘဲ ခေါင်းမာခြင်းတို့ ) တို့ကြောင့် stress ဖြစ်ပေါ်လာတတ်ပါတယ်။

ဘယ်လို အခြေအနေ မျိုး တွေက သင့်ကို စိတ်ဖိစီးမှု အလွယ်တကူ ဖြစ်ပေါ် လာစေတတ်ပါသလဲ

  • အရင်က ကြီးမားတဲ့ ထိခိုက်မှုတစ်စုံတစ်ခု ရှိခဲ့ဖူးရင်
  • စိတ်ဖိစီးမှု မကြာခဏဖြစ်တတ်တဲ့ရာဇဝင်ရှိရင်
  • စိတ်ရောဂါ ပြဿနာ တစ်စုံတစ်ရာ ရှိရင်
  • ထိခိုက်မှု တစ်စုံ တစ်ခုကြောင့် လူအများရဲ့ ရှောင်ဖယ်ခံရဖူးရင် Stress ကို ခံစားရတတ်ပါတယ်

သင့်ကို သင် စိတ်ဖိစီးမှု ရှိနေတယ်လို့ ဘယ်လိုသိနိုင်မလဲ

သင့် ကို ဆရာဝန် တစ်ယောက်ကသင်ခံစားနေရတဲ့ လက္ခဏာတွေ အကြောင်း မေးခွန်းတွေမေး မြန်းရုံနဲ့ သင့် မှာ stress disorder (စိတ်ဖိစီးမှု ရောဂါ) ရှိနေတယ် လို့ သိနိုင်ပါတယ် ။ သင့်မှာ ကျန်းမာရေးပြဿနာ တွေရှိနေတာမျိုး ၊ တရားမဝင် မကောင်းတဲ့ ဆေးဝါးတွေသုံးစွဲနေတာမျိုး ဒါမှမဟုတ် စိတ်ရောဂါ ရှိနေတာမျိုးစတဲ့ အခြေအနေတွေကလည်း စိတ်ဖိစီးမှုဖြစ်စေနိုင်ပါတယ် ။ ဓါတ်ခွဲခန်းတွေမှာလည်း ဆေးစစ်ကြည့်လို့ရနိုင်ပါသေးတယ် ။ ဆေးစစ်ချက်အဖြေနဲ့ ဆရာဝန် စမ်းသပ်ချက်တွေ က normal (ပုံမှန်) လို့ ထွက်ခဲ့ရင်တော့ အထူးကုဆရာဝန်ကြီးတွေနဲ့ ထပ်မံပြသ သင့်ပါတယ်။

စိတ်ဖိစီးမှု ကိုဘယ်လိုကုသနိုင်ပါသလဲ ?

သင့်ရဲ့ဆရာဝန်အနေနဲ့ သင့်Stress ရောဂါကို အမျိုးမျိုးကုသမှုပေးနိုင်ပါတယ်။
သင့်ရဲ့ စိတ်မှာ ဘာလိုအပ်နေသလဲဆိုတာကို အသေးစိတ် တွက်ချက်ပေးမယ်။
အကယ်လို့သင် ဟာ စိတ်ဖိစီးမှု ရဲ့ဒဏ်ကြောင့် မိမိကိုယ်ကို သေကြောင်းကြံမယ်၊ တခြားသူတွေကို အန္တရာယ်ပြုမယ်ဆိုရင်တော့ ဆေးရုံ တင်ပေး ရမှာပါ ။ ဆေးရုံတက်ကုသမှသာ သင့်စိတ်အခြေအနေ ကို သေချာကောင်းမွန် အောင် ကုသပေးနိုင်မှာပါ။
စိတ်ကျရောဂါ ကိုတားဆီးပေးနိုင်တဲ့ ဆေးဝါးတွေ ၊ SSRI ဆိုတဲ့ ဆေးဝါးတွေ ၊စိတ်ဖိစီးမှု လျှော့ချပေးတဲ့ ဆေးဝါးတွေနဲ့လည်းကုသပေးနိုင်ပါတယ်။

ဒါတင်မကသေးပဲ

အိပ်မွေ့ချ ကုထုံးနဲ့လည်းကုသနိုင်ပါသေးတယ်။

လူနေမှုပုံစံပြောင်းလဲခြင်း နဲ့ အိမ်တွင်းကုသခြင်းတွေရော stress ကို လျှော့ချပေးနိုင်သလား

လျှော့ချပေးနိုင်ပါတယ် ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် သင့်ရဲ့ စိတ်ဖိစီးမှု ကို အတော်အတန်လျှော့ချပေးနိုင်ပါတယ်။ သင့်ဟာလေ့ကျင့်ခန်းလုပ်လေ့လုပ်ထမရှိတဲ့ လူတစ်ယောက်ဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ပြီး ပုံမှန် လုပ်ဖြစ်အောင် အားထုတ်သင့်ပါတယ် ။
ကျန်းမာစေတဲ့ အစားစားမယ် ။ ဒါကလည်းအရေးကြီးတဲ့အချက်ပါ ။ မျှတတဲ့အစာ စားခြင်းဟာ stress လျှော့နည်းစေရုံသာမက ကျန်းမာရေးကိုလည်း အထောက်အကူ ပြုပါတယ် ။ ကော်ဖီ ၊ လက်ဖက်ရည်နဲ့ အချိုဓာတ် လွန်ကဲတဲ့ အရာတွေကိုတော့ ရှောင်ရပါမယ် ။ stress ဖြစ်စေလို့ပါ ။
Relaxation လို့ခေါ်တဲ့ အနားယူခြင်းကလည်းအရေးပါပါတယ် ။ ယောဂ လေ့ကျင့်ခန်း ၊ တရားထိုင်ခြင်း နဲ့ နှိပ်နယ်ပေး ခြင်း တို့က လည်း သင့်ကြွက်သားတွေကိုဖြေလျှော့ပေးနိုင်ပါတယ် ။
ပြည့်ဝစွာအိပ်စက်အနားယူပါ။သင့်ရဲ့ တစ်နေကုန် စိတ်ပင်ပန်း မှုတွေကို အိပ်စက်ခြင်းနဲ့ လျှော့ချနိုင်ပါတယ်။
သင့်မိသားစု ၊ သူငယ်ချင်းနဲ့ သင့်ပတ်ဝန်းကျင်က လူတွေရဲ့ အကူအညီအထောက်အပံ့ကိုလည်းရယူပါ ။ သင့်ကို ပျော်ရွှင်မှုပေးနိုင်လို့ပါ။

Ref : Hellosayarwon

ရေးသားသူ – ဒေါက်တာမှူး

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top