အမှိုက်သိမ်းတဲ့အလုပ်နဲ့ မိသားစုကို ရှာကျွေးနေတဲ့ကျောင်းသားလေး ဟားဗက်ဥပဒေကျောင်းမှာ တက်ခွင့်ရ

10-7-2020-yyl-007.jpg

မေရီလန်းပြည်နယ်က ကောလိပ်ကျောင်းသားလေးဟာ မိသားစုကို အမှိုက်သိမ်းတဲ့အလုပ်နဲ့ ရှာကျွေးနေတာဖြစ်ပြီး အခုဆိုရင် ဟားဗက်ဥပဒေကျောင်းမှာ တက်ရောက်ခွင့်ရတော့မှာဖြစ်ပါတယ်။ ရီဟန် စတေတန်ဆိုတဲ့ ကျောင်းသားလေးက သူ့အဖေနဲ့ ညီလေးကို ကူညီပေးဖို့အတွက် မနက် ၄ နာရီထပြီး အလုပ်လုပ်ရတာပါ။ ဒီလိုလုပ်ရတဲ့အတွက် သူ့ရဲ့ပညာရေးကိုတောင် စွန့်လွှတ်ရတော့မလိုတောင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ရီဟန်ရဲ့မိသားစုနဲ့ the Bates Trucking & Trash Removal ကုမ္ပဏီမှာရှိတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို လက်မလျှော့လိုက်ဖို့နဲ့ သူ့ရည်မှန်းချက်၊ အိပ်မက်တွေကို မစွန့်လွှတ်ပစ်ဖို့ တွန်းအားပေးခဲ့ကြပါတယ်။


အဲဒါကြောင့် သူဟာ လက်မလျှော့ဘဲ ကြိုးစားအားထုတ်မှုကြောင့် ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့တက္ကသိုလ်ထဲက တစ်ခုဖြစ်တဲ့ ဟားဗက်ဥပဒေကျောင်းကို အခုနှစ်မှာ တက်ရတော့မှာဖြစ်ပါတယ်။ အစက ရီဟန်ရဲ့ဘဝက သာမန်ပါပဲ။ ဒါပေမဲ့ သူ့အသက် ၈ နှစ်အရွယ်လောက်မှာ သူ့အမေက သူ့အဖေကို ထားရစ်ခဲ့ပြီး နိုင်ငံကနေ ပြောင်းရွှေ့သွားခဲ့ပြီးတဲ့နောက်မှာတော့ အဆင်မပြေဖြစ်လာခဲ့ပါတယ်။ သူ့အဖေက ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ကြိုးစားရင်းနဲ့ ငွေကြေးမပြေလည်တာတွေ ဖြစ်လာခဲ့ပါတယ်။


အရင်တုန်းက ရီဟန်တို့ညီအစ်ကိုတွေဟာ ပျော်ရွှင်စွာနဲ့ ကျောင်းတက်ခဲ့ရပေမယ့် နောက်ပိုင်းမှာ အစားအစာရှားပါးခြင်းနဲ့ ရင်ဆိုင်ရပြီး သူတို့ဘဝပြောင်းလဲသွားခဲ့ရပါတယ်။ ရီဟန် (၇) တန်းရောက်တဲ့အခါမှာ သူ့အဆင့်တွေ သိသိသာသာထိခိုက်ခဲ့ရပါတယ်။ “နေ့တိုင်းလိုလို ကျွန်တော်အစားမစားခဲ့ရတဲ့အပြင် အဖေက တစ်ချိန်လုံး အလုပ်ပဲလုပ်နေခဲ့ရတယ်။ တစ်ခါတလေ အိမ်မှာ လျှပ်စစ်မီးတောင်မရဘူး”လို့ ရီဟန်က ပြောပါတယ်။ ဆရာ တစ်ယောက်က သူ့ကို ကျောင်းက ပြန်လည်ကုစားရေးအတန်းမှာ တက်ဖို့ အကြံပေးခဲ့ပြီး လေယာဉ်တည်ဆောက်ရေးအင်ဂျင်နီယာတစ်ဦးကလည်း သူ့ကို အခမဲ့ စာသင်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

သူဟာ ဒဏ်ရာရပြီးနောက်မှာတော့ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဖြစ်ချင်တဲ့ သူ့အိပ်မက်တွေကို စွန့်လွှတ်ခဲ့ပြီး အမှိုက်သိမ်းကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ “ကျွန်တော် အားကစားမှာ တော်လို့မဟုတ်ဘဲ ကျွန်တော့်အကျိုးကို လိုလာတဲ့အတွက် ကျွန်တော့်ကို လူတွေက ပျိုးထောင်ကူညီပေးခဲ့တာ ကျွန်တော့်ဘဝမှာပထမဆုံးပါပဲ”လို့ ရီဟန်က ဆိုပါတယ်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကလည်း ကုမ္ပဏီသူဌေးကို ရီဟန်အကြောင်း သွားပြောခဲ့ကြပါတယ်။ အဲဒါကြောင့်ပဲ သူဌေးရဲ့သားက Bowie State University မှာ နေရာတစ်နေရာရဖို့အတွက် ကူညီပေးခဲ့ပါတယ်။ ရီဟန်က ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့ပြီး ဒုတိယနှစ်ပြီးတဲ့အချိန်မှာ ဥပဒေကျောင်းတက်ချင်ခဲ့တာကို ရီဟန်သိရှိသွားခဲ့ပါတယ်။


အဲဒီနောက်မှာ မေရီလန်းတက္ကသိုလ် (University of Maryland)ကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၈ခုနှစ်မှာတော့ ဘွဲ့ရရှိခဲ့ပါတယ်။ နောက်တစ်နှစ်ကျော်လောက်မှာ ဥပဒေကျောင်းဝင်ခွင့်စာမေးပွဲ (Law School Admission Test)အတွက် လေ့လာရင်းနဲ့ နိုင်ငံရေးအကြံပေးအနေနဲ့ အလုပ်လုပ်ခဲ့ပြီး ဟားဗက်ဥပဒေကျောင်းမှာ ဝင်ခွင့်ရရှိသွားခဲ့ပါတယ်။ “ကျွန်တော့်ရဲ့ အတွေ့အကြုံတွေကို အဆိုးဆုံးအခြေအနေတွေကို အကောင်းဆုံးဖြစ်အောင် ကျွန်တော်လုပ်ခဲ့တာပဲ။

ကျွန်တော်ရင်ဆိုင်ခဲ့ရတဲ့ ဝမ်းနည်းစရာတစ်ခုချင်းက ကျွန်တော့်ကို သက်သောင့်သက်သာဇုန် အပြင်ဘက်ကို ဆွဲထုတ်ပေးခဲ့တာပါ။ ဒီအခြေအနေတွေကနေ ရပ်တည်နိုင်ဖို့ ကျွန်တော့်ကို ကူညီပံ့ပိုးအားပေးခဲ့ကြတဲ့သူတွေရှိတဲ့အတွက် ကျွန်တော် ကံကောင်းပါတယ်”လို့ ရီဟန်က ပြောပါတယ်။ ရီဟန်က သူ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကူညီပေးခဲ့တဲ့လူတွေလိုပဲ လူငယ်တွေကို ဥပဒေအကြံပေးမှုနဲ့ ကူညီပေးဖို့ စီစဉ်ထားပါတယ်။ ရီဟန်က အခုနှစ်ထဲမှာပဲ ဟားဗက်ဥပဒေကျောင်းရဲ့ အွန်လိုင်းတန်းခွဲ (Online Class) တွေကို စတင်သင်ယူရတော့မှာဖြစ်ပါတယ်။

Ref: Student Working As Binman To Support Family Is Accepted Into Harvard

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top