ကွန်ဒိုအသစ်ကို အမှိုက်ပုံလို ဖြစ်စေခဲ့တဲ့ တရုတ်ကျောင်းသားတွေကို စင်ကာပူအိမ်ရှင် ဒေါပွနေ

18.8.23-yyl-5.jpg

စင်ကာပူမှာ ကျောင်းလာတတ်တဲ့ တရုတ်ကျောင်းသားတစ်စုက ကွန်ဒိုအသစ်မှာ ငှားနေကြပြီး နောက်ဆုံး အိမ်ငှားခ တစ်လစာ မပေးဘဲ ထွက်ပြေးသွားကြတယ်။ အိမ်ရှင်က ( အမန်ဒါလို့ အမည်ရ) သူ့တိုက်ခန်းကို လာကြည့်ချိန်မှာ ငိုချင်စိတ်ပေါက်သွားတယ်။ တခန်းလုံးမှာ စားကြွင်းစားကျန်တွေ၊ အမှိုက်အိတ်တွေ၊ အဝတ်စုတ်တွေအပြည့်ပဲ။ ရေချိုးခန်းမှာလည်း ကြွေပြားတစ်ချက်က ကွဲနေတယ်။

စာချုပ်ထဲမှာ ကျောင်းသားလူငယ် နှစ်ယောက်ပဲ နေမယ်လို့ ရေးထားပေမဲ့ နောက်ပိုင်း ဒီတိုက်ခန်းကို ကောင်မလေးတစ်ယောက် လာနေတယ်။ သူတို့က အနေအထိုင် ညစ်ပတ်ရုံတင်မကဘူး။ မီတာခတွေကလည်း မဆောင်သွားဘူး။ အမန်ဒါက သူ့အိမ်ကို လာကြည့်ပြီး အိမ်ထဲက မြင်ကွင်းကို TikTok ပေါ် တင်ခဲ့တာပါ။ ဒီဗီဒီယိုက ပျံ့နှံ့သွားပြီး အများစုကတော့ တရုတ်ကျောင်းသားတွေရဲ့ စိတ်ဓာတ်ညံ့ဖျင်းပုံကို ဝေဖန်ခဲ့ကြပါတယ်။

Video Link – https://www.tiktok.com/@bens…/video/7267515108429991170

Ref: Students renting condo turn it into ‘rubbish home’, leave homeowner speechless

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top