ကလေးမွေးပြီး (၂၆) ရက်အကြာမှာ အမြွှာရင်သွေးထပ်မွေးတဲ့ အမျိုးသမီး

55780673_2305043812859859_6391708267629772800_n.jpg

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ ကလေးမွေးပြီး (၂၆) ရက်အကြာမှာ ဗိုက်နာလို့ ဆေးရုံတက်ရင်း အမြွှာရင်သွေးနှစ်ဦးကို ထပ်မံမွေးဖွားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ဒေသမှာနေထိုင်တဲ့ အသက် (၂၀) အရွယ် အမျိုးသမီး ဆူလ်တာနာဟာ ဖေဖော်ဝါရီလနှောင်းပိုင်းက လမစေ့ဘဲ သားယောကျ်ားလေးတစ်ဦး မွေးဖွားခဲ့ပါတယ်။

(၂၆) ရက်အကြာမှာ ဗိုက်နာလို့ တခြားဆေးရုံသွားပြရင်း ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ ဒုတိယမြောက် သားအိမ်မှာ အမြွှာသန္ဓေသား တွေ့ရှိခဲ့လို့ ဆရာဝန်တွေက အရေးပေါ်ခွဲမွေးပေးခဲ့ပါတယ်။ ဆူလ်တာနာတို့ လင်မယားဟာ ဆင်းရဲနွမ်းပါးလွန်းလို့ ပထမဆုံးရင်သွေးကို ကိုယ်ဝန်လွယ်ထားရချိန်က ဓာတ်မှန်မရိုက်ခဲ့ဘူးလို့ ဆိုပါတယ်။ အမြွှာကလေးငယ်နှစ်ဦးလုံး ကျန်းကျန်းမာမာရှိခဲ့လို့ (၄) ရက်အကြာမှာ သူတို့သားအမိတွေကို ဆေးရုံက ဆင်းခွင့်ပေးခဲ့ပါတယ်။ ဆူလ်တာနာကို ခွဲမွေးပေးခဲ့တဲ့ဆရာဝန်ကတော့ သူ့ဘဝမှာ ဒီလိုဖြစ်ရပ်မျိုးမကြုံဖူးလို့ အံ့အားသင့်မိတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ Uterus Didelphys (သားအိမ်နှစ်ခုပါရှိခြင်း) အခြေအနေဟာ လူတွေထင်သလောက် ကြုံတောင့်ကြုံခဲကိစ္စမဟုတ်ဘူးလို့ စင်ကာပူနိုင်ငံက သားဖွား၊ မီးယပ်ဆရာဝန် ခရစ္စတိုဖာအန်က ပြောပါတယ်။ သန္ဓေအောင်တဲ့ကာလမှာ မျိုးဥသုံးလုံးကွဲထွက်ပြီး မျိုးဥသုံးလုံးစလုံးမျိုးအောင်လို့ သန္ဓေသားလောင်း (၃) ခု ဖြစ်ပေါ်လာတဲ့အခြေအနေလို့ သူကဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top